ဧရာဝတီတိုင်းဒေသကြီးအဝင် ပန်တိုင်ယာဉ်စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား နိုင်ငံသားကတ်(မှတ်ပုံတင်) ကိုင်ဆောင်ခရီးသွားလာခြင်းရှိ/မရှိစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအဝင် ပန်တိုင်ယာဉ်စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား နိုင်ငံသားကတ်(မှတ်ပုံတင်) ကိုင်ဆောင်ခရီးသွားလာခြင်းရှိ/မရှိစစ်ဆေး

 


MNP - ဧပြီ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဧရာဝတီတိုင်းဒေသကြီးအဝင် ပန်တိုင်ယာဉ်စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား နိုင်ငံသားကတ်(မှတ်ပုံတင်)ကိုင်ဆောင်၍ ခရီးသွားလာခြင်းရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၆ နာရီအချိန်က စတင်စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း တည်းခိုနေထိုင်ရာနေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်ကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ်(မှတ်ပုံတင်) ကိုင်ဆောင် ခရီးသွားလာခြင်းရှိ/မရှိကို မအူပင်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးကိုကိုစု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပန်တိုင်ဂိတ် ပူးပေါင်းစစ်ဆေး ရေးအဖွဲ့များက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - ထက်ဝေဖြိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)