MNP - ဧပြီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အားကစားခန်းမတွင် မြို့နယ် အားက စားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအားကစား အခြေခံသင်တန်းများကို မတ်လ ၂၅ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးရာ မြန်မာသိုင်းပညာရပ်ပါ ထည့်သွင်း သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
"မြန်မာ့သိုင်းပညာကို မြို့နယ်အတွင်း ကကျောင်းသား/သူများက စိတ်ဝင်စားကြပါတယ် ။မြန်မာ့ သိုင်းပညာကို ချစ်မြတ်နိုးစေရန်၊ ကိုယ်ခံစွမ်းအားများကောင်းစေရန်၊ သွက်လက် ထက်မြတ်စေရန်အစရှိတဲ့ရည်ရွယ်ချက်များနဲ့ထည့်သွင်းသင်ကြားပေးရခြင်းဖြစ်ကြောင်း"မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ခံ ဒေါ်အိအိမျိုးပြောကြားချက်အရသိရသည်။
နွေရာသီအားကစားအခြေခံသင်တန်းများမှာ မြန်မာ့သိုင်း၊ ရိုးရာခြင်းလုံး၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊Myanmar Fitness Dance တို့ဖြစ်ကြပြီး အဆိုပါသင်တန်းကို မတ်လ (၂၅)ရက်နေ့တွင်စတင်ဖွင့်လှစ်ပြီး သင်တန်းသား/သူဦးရေစုစုပေါင်း (၁၅၀)ခန့်ရှိ ကြောင်းသိရသည်။
အိမ်မဲမြို့နယ်တွင် ထူးချွန်ထက်မြတ်ပြီး နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားကောင်း များပေါ် ထွက်လာစေရန် နွေရာသီကျောင်းပိတ်ရက် များတွင်ကျောင်းသား၊ကျောင်းသူများ အားကစားအတတ်ပညာများနှင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချတက်စေရန်ရည်ရွယ်၍ အား ကစားသင်တန်းများ ဖွင့်လှစ် သင်ကြားပေးရခြင်းဖြစ်ကြောင်း၊သင်တန်းကို မတ်လ ၂၅ ရက်နေ့မှဧပြီလ ၈ ရက်နေ့အထိဖွင့်လှစ်မှာဖြစ်ပြီး၊သင်တန်းကို မနက်ပိုင်းတွင်၉နာရီမှ ၁၁နာရီ ထိတစ်ကြိမ်၊ညနေပိုင်းတွင် ၃နာရီမှ ၆ နာရီထိတစ်ကြိမ်စုစုပေါင်း ၂ ကြိမ်ခွဲ၍ သင်ကြားပေး ကြောင်း သိရသည်။
သတင်း - ချစ်သက်လယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment