ဟိုပန် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ အခြေခံရှေးဦးသူနာပြုစု နည်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ အခြေခံရှေးဦးသူနာပြုစု နည်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ




MNP - ဧပြီ   ၂၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်က သင်တန်း ဆင်းအမှာစကားပြောကြားပြီး ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးသိန်းဝင်းက ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ စေတနာလုပ်အားရှင်များအား ပြည်သူ့အကျိုးပြု လုပ်ငန်းများကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သော နိုင်ငံတော်၏ လူမှုဂရုဏာ အရန်အင်အား စေတနာလုပ်အားရှင်များ ဖြစ်ပေါ်လာစေရန်အတွက် သင်တန်းဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ကာ တာဝန်ရှိသူများက သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်းနည်းပြဆရာများအား အမှတ်တရ မေတ္တာလက်ဆောင်များ၊ ထူးချွန် သင်တန်းသား/သူများနှင့် သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများအား ဆုများနှင့် ဂုဏ်ပြုလက်ဆောင်များအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

သင်တန်းကို ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ဧပြီလ ၂၂ ရက်နေ့မှ၂၅ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/ သူ(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)