MNP - ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန်၊ ကျန်းမာကြံ့ခိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက် တတ်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော နွေရာသီ အေရိုးဗစ် သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးအေးဆင့်က သင်တန်းနည်းပြ ဆရာမ ဒေါ်စောမွန်ဌေးအား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပြီး သင်တန်းသူလေးများက သင်တန်းမှ သင်ကြားပေးသည့် ကကွက်များဖြင့် အေရိုးဗစ်(Fitness Dance)ကပြခဲ့သည်။
အဆိုပါ သင်တန်းသို့သင်တန်းသူ(၂၀)ဦး တက်ရောက်ပြီး သင်တန်းကာလာ ၃ ရက်အတွင်း အခြေခံ အေရိုးဗစ်ကကွက်များကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
သတင်း - အေးအေးဆင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment