မိုင်းနောင်မြို့တွင် ခရီးသွားမိဘပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ် ကိုင်ဆောင် သွားလာခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းနောင်မြို့တွင် ခရီးသွားမိဘပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ် ကိုင်ဆောင် သွားလာခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး



MNP -  မတ်   ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ မိုင်းရှူး၊ မိုင်းနောင်၊ ခိုလမ်မြို့ဝင် စုပေါင်းဂိတ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မိုင်းနောင်မြို့တွင်း ဖြတ်သန်းသွားလာနေသော မိဘပြည်သူများအား နိုင်ငံသား စီစစ်ရေး ကတ်ပြားများကိုင်ဆောင်သွားလာခြင်း ရှိ/မရှိစစ်ဆေးခြင်းကိုယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စခန်းမှူးရဲအုပ်ဇော်ဝင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မိုင်းနောင်မြို့အတွင်းသို့ ဖြတ်သန်းသွားလာလျက်ရှိသော ခရီးသွားမိဘပြည်သူများအား နိုင်ငံသား စီစစ်ရေးကတ်ပြားများ ကိုင်ဆောင်သွားလာခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ ယခုစစ်ဆေးခြင်းသည် လုံခြုံရေးနှင့်လူမှန်ကန်မှု စစ်ဆေးခြင်း မဟုတ်ပဲ နိုင်ငံသား စီစစ်ရေး ကတ်အပါအဝင် ကိုင်ဆောင်လက်မှတ် ရှိ/မရှိကိုသာ စစ်ဆေးခြင်းဖြစ်၍ ကိုင်ဆောင်လက်မှတ် မရှိသူများကိုရရှိအောင် ဆောင်ရွက်ပေးလိုခြင်းဖြစ်ကြောင်း အသိပေးရှင်းလင်းခြင်း၊ ပန်းခင်း စီမံချက် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယခုကွင်းဆင်း စစ်ဆေးခြင်းသည် ပန်းခင်းစီမံချက်အရ နိုင်ငံသားတိုင်းနိုင်ငံသား စီစစ်ရေး ကတ်ပြားများရရှိ ကိုင်ဆောင်နိုင်ရေးအတွက် ဆောက်ရွက်ခြင်းဖြစ်သဖြင့် ခရီးသွား မိဘပြည်သူများ အနေဖြင့်မိမိတို့၏ ကိုင်ဆောင်လက်မှတ်များကို ပြသ၍ အစစ်ဆေးခံခြင်းဖြင့် ကူညီပေးကြပါရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်ကြား နိုးဆော်ထားကြောင်း သိရှိရသည်။

သတင်း - မနန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)