နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 


MNP -  ဧပြီ   ၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ် ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က   နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နတ်မောက် မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေး ပြောကြားခြင်း၊ ဆီထွက် သီးနှံအနေဖြင့် နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး တာဝန်ကျအဖွဲ့များ ကွင်းဆင်း ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများရှိ ဒေသခံ ပြည်သူများ ကာကွယ်ဆေးထိုးနှံကြရန် တိုက်တွန်းနိုးဆော်ပေးရန်၊ သင်္ကြန်ကာလတွင် ဌာနဆိုင်ရာများ အနေဖြင့် လုံခြုံရေးအထူးဂရုပြုကြရန်၊ နှစ်ဆန်း(၁)ရက်နေ့ ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ နှစ်ကူးပရိတ်ရွတ်ဖတ်ခြင်းနှင့် မြို့ပေါ်(၇)ရပ်ကွက်ရှိ သက်ကြီး ဘိုးဘွားများအား သက်ကြီးပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်း ပြောကြား ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီအကဲများ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လိုအပ်သည့် အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ တင်ပြဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ပြန်လည် ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

သတင်း - လှဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)