လူထုအခြေပြုဗဟိုဌာန (ဗဟန်း) (Community Centre) ၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူထုအခြေပြုဗဟိုဌာန (ဗဟန်း) (Community Centre) ၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်လှစ်



MNP -  ဧပြီ  ၁၀

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး အ‌နောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲ/ တပ်ဖွဲ့က ကြီးမှူးဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂)ကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) (Community Centre) ၌ ဖွင့်လှစ် သည်။

အဆိုပါ သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ ရှေးဦးပြုစု အခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ရွှေ့ပြောင်းသွားလာသူများ အန္တရာယ် ကင်းစွာ ရွှေ့ပြောင်းသွားလာနိုင်ရေး၊ ဘေးကင်းလုံခြုံရေး အသိပညာပေးခြင်း ဒဏ်ရာများနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် ရိုးဆက်ကြောဒဏ်ရာများအကြောင်း၊ ကိုင်တွယ်နည်းနှင့် သယ်ဆောင်နည်းများ၊ အခြေခံ အသက်ကယ်အထောက်ကူပြုနည်း အစရှိသည့် သင်ခန်းစာများကို မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးအောင်ကိုဦးနှင့် သင်တန်းဆရာများက စာတွေ့၊ လက်တွေ့သင်ကြား ဆောင်ရွက် ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၄၀)ဦး တက်ရောက်သင်ကြားလျက်ရှိရာ သင်တန်း ကာလမှာ ဧပြီ ၉ ရက်နေ့မှ ဧပြီ ၁၁ ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသူ၊ သင်တန်းသားများကို ရွှေ့ပြောင်းမသွားလာမီ သိရှိထားရမည့် အချက်အလက်များ စာအုပ်နှင့် မိသားစု ပြန်လည်ဆက်သွယ်ရေး အသိပညာပေးခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်း - အောင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)