ပန်းတောင်းမြို့နယ် Community Centre တွင် အေရိုးဗစ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတောင်းမြို့နယ် Community Centre တွင် အေရိုးဗစ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


MNP - ဧပြီ    ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် နွေရာသီ အေရိုးဗစ်သင်တန်းကို (၆..၄၂၀၂၂)ရက်နေ့မှ (၈.၄.၂၀၂၂)ရက်နေ့ အထိ သုံးရက်ကြာ သင်ကြားခဲ့ရာ ယမန်နေ့နေလယ် ၄ နာရီအချိန်တွင် သင်တန်း ဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းပြဒေါ်ခင်သန္တာက သင်တန်းသား (၂၀)ဦးအား အေရိုးဗစ်အကများကို သင်ကြားခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်စေရန်နှင့် အားကစား နည်းပညာများနှင့် ကိုယ်လက်လှုပ်ရှား ကျန်းမာရေးကောင်းမွန်စေရန်အတွက် သင်တန်းများ ပြုလုပ်ကျင်းပပေးခဲ့ကြောင်း သိရသည်။

သတင်း - သင်းသင်းအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)