MNP - ဧပြီ ၈
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေးအတွက် အသက်(၁၈)နှစ်အထက်ရှိ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးကို တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့်ပြည်သူများအား ယနေ့ နံနက် ၈ နာရီအချိန်က ရမ်းဗြဲမြို့နယ်ပြည်သူ့ဆေးရုံဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Covaxin ဆေးကို ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ဆေးထိုးရန်ရောက်ရှိလာကြသူများအား စာရင်းရေးသွင်းမှတ်တမ်းကောက်ယူ ခြင်း၊ ကျန်းမာရေးဝန်ထမ်းများမှ သွေးပေါင်ချိန်တိုင်းတာပေးခြင်းကိုယ်ပူချိန်တိုင်းတာခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိမှသာကာကွယ်ဆေးကို ကန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိပါသည်။
အဆိုပါ Covaxin ကိုဗစ်ကာကွယ်ဆေးကို ဆေးတစ်လုံးလျှင်(၁၀)ဦးနှုန်းဖြင့်ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးပြီးသူများကိုလည်း မိနစ် ၃၀ ခန့်အနားယူစေကာ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိကြောင်းသိရသည်။
သတင်း - အောင်နိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment