MNP ၊ ဧပြီ ၁
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျား/မအခြေပြုအကြမ်းဖက်(Gender based Violence) ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာ မျိုးမင်း က (၂၀၁၆)ခုနှစ်အတွင်း ကောက်ယူခဲ့သော မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးအချက်အလက် စစ်တမ်းပေါ်မူတည်၍ တွေ့ရှိရသော မြန်မာနိုင်ငံရှိ ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်များ သိကောင်းစရာများကို power point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာကြသူ များ က မိမိတို့သိရှိလိုသည့် မေးမြန်ချက်များကို တင်ပြဆွေးနွေးကြရာ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာမျိုးမင်းက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်းသိရသည်။
သတင်း - ထူးနောင် (ဘီးလင်း)
https://t.me/MyanmarNationalPost
No comments:
Post a Comment