ဗီယက်နမ်နိုင်ငံ Helen Group အဖွဲ့မှ ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်းဆန်တော်နှင့် စားသောက်ကုန်များ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗီယက်နမ်နိုင်ငံ Helen Group အဖွဲ့မှ ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်းဆန်တော်နှင့် စားသောက်ကုန်များ လှူဒါန်း



MNP -  ဧပြီ   ၁၀

ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ ဆွမ်း/ကွမ်း အထောက်အကူ ဖြစ်စေရန်အတွက်၊ ဗီယက်နမ်-ဗုဒ္ဓဘာသာအသင်း၊ ဗီယက်နမ် Helen Group အဖွဲ့မှ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်နှင့်စားသောက် ကုန်များ ဆက်ကပ်လှူဒါန်းပွဲကို၊ ယမန်နေ့ မွန်းလွဲ(၃)နာရီက ဘူတာရပ်ကွက်ရှိ ရွှေမြင်တင်ဥယျာဉ်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် အလှူခံကြွရောက်တော်မူလာကြသည့် ဆရာတော် ကြီးများအား ရွှေမြင်တင်ဥယျာဉ်ကျောင်းဆရာတော် ဘဒ္ဒန္တလက္ခဏဓဇက ဗီယက်နမ်-ဗုဒ္ဓဘာသာ အသင်း (ဗီယက်နမ် Helen Group)၏ လှူဒါန်းမှုများနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားပြီး၊ ဆန်၊ ဆီ၊ ပဲ၊ နို့ဆီ၊ ကော်ဖီမစ် အစရှိသည့်ပစ္စည်းများကို လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။ လှူဒါန်းရသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ “ကျွန်တော်တို့ ဒါက ဗီယက်နမ် Helen Group (ဗီယက်နမ်-ဗုဒ္ဓဘာသာအသင်း)က ကျွန်တော်တို့ ကျောက်ပန်းတောင်းမြို့နယ်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း (၂၃၃) ကျောင်းနှင့် သီလရှင်ကျောင်းပေါင်း (၁၀)ကျောင်းတို့ကို ကိုဗစ်ကာလ ဆွမ်း/ကွမ်း အခက်အခဲကို အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်လှူဒါန်းခြင်းဖြစ် ပါတယ်ခင်ဗျာ… လှူဒါန်းဖို့ လုပ်ထားတာကတော့ ကိုဗစ်ကာလ တကယ်အခက်အခဲဖြစ်နေတဲ့အချိန်တုံးက လှူဒါန်းဖို့ပါဘဲ… ဒါပေမဲ့ လူစုလူဝေးလုပ်လို့ မဖြစ်တာရယ်… ဆရာတော်ကြီးတွေလည်း ကြွရောက်အလှူခံဖို့ခက်ခဲတာရယ်ကြောင့် အခုမှလုပ် ဖြစ်တာပါ… ကျွန်တော်ကတော့ အသင်းကိုယ်စားလှယ်အနေနဲ့  ကမကထပြု လှူဒါန်းပေး တာပါ” …ဟု ကျောက်ပန်းတောင်းမြို့နယ်အတွင်း လှူဒါန်းရေးအတွက် အကျိုးတော်ဆောင်ဖြစ်သူ ဦးဇော်ထွန်းက ပြောပါသည်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ယခုလှူဒါန်းမှုသည် တတိယအကြိမ်ဖြစ်ကြောင်းနှင့် အဆိုပါ အဖွဲ့အနေဖြင့် ညောင်ဦးမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်း (၁၈၁)ကျောင်း၊ ချောက်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်း (၇၂)ကျောင်း နှင့်သီလရှင်ကျောင်း (၁၆) ကျောင်း စုစုပေါင်း(၈၈) ကျောင်းလှူဒါန်း ခဲ့ပြီး ဖြစ်ရာ မြို့နယ်(၃)မြို့နယ်အတွင်းမှ ဘုန်းတော်ကြီး (၄၈၆)ကျောင်း၊ သီလရှင်ကျောင်း (၂၆)ကျောင်း စုစုပေါင်း (၅၁၂)ကျောင်းအတွက် ထောက်ပံ့လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ရွှေမြင်တင် ဥယျာဉ်ကျောင်း ဆရာတော် (မြို့နယ်သံဃ နာယက အဖွဲ့ တွဲဖက်အတွင်းရေးမှူး)ဘဒ္ဒန္တ လက္ခဏဓဇက မိန့်ကြားပါသည်။

အဆိုပါ လှူဒါန်းပွဲအခမ်းအနားသို့ ကျောက်ပန်းတောင်းမြို့နယ်ခွဲ၊ ပုပ္ပားမြို့နယ်ခွဲ၊ လက်ပံပျားမြို့နယ်ခွဲနှင့် ပွေးကျစ် မြို့နယ်ခွဲများမှ ဆရာတော်ကြီးများနှင့် သီလရှင်ကျောင်းများမှ ဆရာကြီးများ ကြွရောက် အလှူခံခဲ့ကြောင်း သိရသည်။

သတင်း - နေအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)