ရန်ကင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် သူငယ်တန်း(KG)မှ နဝမတန်း(Grade-10)အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် သူငယ်တန်း(KG)မှ နဝမတန်း(Grade-10)အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

 


MNP -   ဧပြီ     ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်  ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်ကာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် (KG)မှ နဝမတန်း (Grade-10)အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများကို အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် သူငယ်တန်း(KG)မှ နဝမတန်း(Grade-10) အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား/ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ကျောင်းများရှိ ဆရာ/ ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်၌ KG တန်းတွင်(၃၆၈) ဦး ဖြေဆိုရာ ၁၀၀ ရာခိုင်နှုန်း၊ Grade-1 တွင် ၆၁၉ ဦး ဖြေဆိုရာ ၆၁၇ ဦး၊ ၉၉.၆၈ ရာခိုင်နှုန်း၊ Grade-2 တွင် (၄၃၁)ဦး ဖြေဆိုရာ (၄၃၀)ဦး၊ ၉၉.၇၇ ဦး၊ Grade-3 တွင် (၃၅၄)ဦး ဖြေဆိုရာ ၁၀၀ ရာခိုင်နှုန်း၊ Grade-4 တွင် (၃၃၄)ဦး ဖြေဆိုရာ ၁၀၀ ရာခိုင်နှုန်း၊ Grade-6 တွင် (၃၀၉)ဦး ဖြေဆိုရာ ၁၀၀ ရာခိုင်နှုန်း၊ Grade-7 တွင် (၂၆၈)ဦး ဖြေဆိုရာ ၁၀၀ ရာခိုင်နှုန်း၊ Grade-8 တွင် (၂၇၃)ဦး ဖြေဆိုရာ ၁၀၀ ရာခိုင်နှုန်း၊ Grade-9 တွင် (၂၃၅)ဦး ဖြေဆိုရာ ၁၀၀ ရာခိုင်နှုန်း၊ Grade-10 တွင် (၁၃၄)ဦး၊ ၁၀၀ ရာခိုင်နှုန်း၊ စုစုပေါင်း (အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း) KG မှ ထက်ဆင့်အထိ ဖြေဆိုဦးရေ (၃၄၃၉)ဦး၊ အောင်မြင်သူဦးရေ (၃၄၃၆)ဦး၊ ၉၉.၉၁ ဦးရှိပြီး ရာနှုန်းပြည့်နီးပါး  ဖြေဆိုအောင်မြင်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - အိရွှေစင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)