ရခိုင်ပြည်နယ် မောင်တောမြို့နယ် UNHCR ရုံးခြံဝင်းအတွင်း အမှိုက်မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ် UNHCR ရုံးခြံဝင်းအတွင်း အမှိုက်မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွား






MNP ၊ ဧပြီ   ၂၅

ရခိုင်ပြည်နယ် မောင်တောမြို့နယ်  (၄)မိုင်ရပ်ကွက် ၊ UNHCR ရုံးခြံဝင်းအတွင်း  ယနေ့  (၁၀ : ၂၅)အချိန် အမှိုက် မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

ဖြစ်စဉ်မှာ မောင်တောမြို့နယ် (၄)မိုင်ရပ်ကွက် ၊ UNHCR ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ၊ ဌာနေကိုယ်စားလှယ်၏ ကွင်းဆင်းလုပ်ငန်းဆိုင်ရာရုံးဝန်းအတွင်း၌ မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိရုံးဝန်ထမ်း တစ်ဦးမှ ဖုန်းဆက်သတင်းပေးပို့မှုအရ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေး ဦးသန့်ဇင် နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင် နှင့် တပ်ဖွဲ့ဝင်များက မီးငြိမ်း သတ် ယာဉ် (၂)စီးဖြင့် မီးလောင်ပြင်သို့ သွားရောက်မီးငြိမ်းသတ်ခဲ့ရာ နံနက်(၁၀:၃၅) အချိန် တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။ 

မီးလောင်ရသည့် အကြောင်းအရင်းမှာ  (UNHCR)ရုံးရှိ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးမှ အမှိုက်များကို မီးရှို့ခဲ့ရာမှ တဆင့်  ဧည့်ရိပ်သာနှင့် ဂိုဒေါင်ကြား၌ ထားရှိသည့် Palled  (ပလက်စတစ်ပစ္စည်းတင်ခုံ)များသို့ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး  မီးလောင်မှုကြောင့် Palled  (ပလက်စတစ်ပစ္စည်းတင်ခုံ)(၁၄)ခု မီးလောင်ဆုံး ရှုံးခဲ့ရာ တန်ဖိုးအားဖြင့် ကျပ်တစ်သိန်းလေးသောင်းခန့် ရှိကြောင်းသိရသည်။  

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ (UNHCR)ရုံးရှိ သန့်ရှင်းရေးဝန်ထမ်းဖြစ်သူ ဦးလှမောင်သိန်း အသက်(၂၆)နှစ် (ဘ)ဦးသိန်းထွန်းအား မောင်တောမြို့မရဲစခန်းမှ (ပ) ၃၃/၂၀၂၂ ၊ ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်လှစ်ကာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦစီးဌာနမှ သိရသည်။


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)