မန္တလေးဗဟိုအကျဉ်းထောင်၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အရ အကျဉ်းသား/ သူ (၇၄) ဦးအား လွတ်ငြိမ်းသက်သာခွင့်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးဗဟိုအကျဉ်းထောင်၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အရ အကျဉ်းသား/ သူ (၇၄) ဦးအား လွတ်ငြိမ်းသက်သာခွင့်ပြု

 


MNP - ဧပြီ    ၁၈

မန္တလေးခရိုင် အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ မန္တလေးဗ ဟိုအကျဉ်းထောင် ဓမ္မာရုံ၌ ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၃၀/၂၀၂၂ နှင့် အမိန့်အမှတ်၊ ၃၁/၂၀၂၂ အရ အကျဉ်းသား/သူ (၇၄) ဦးတို့အား လွတ်ငြိမ်း သက်သာခွင့်ပြုသည့် အခမ်းအနားပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးချိုဝင်းထွန်း၊ မန္တလေးဗဟိုအကျဉ်ထောင် တာဝန်ခံအရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မျိုးချွန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်နှင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ အကျဉ်းသား/သူများ စုစုပေါင်း ၈၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ညွန်ကြားရေးမှူး ဦးချိုဝင်းထွန်းနှင့် ရဲမှူးလှစိုးတို့က ဆုံးမသြဝါဒစကား ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

မန္တလေးဗဟိုအကျဉ်းထောင်တွင်  ကျား ၇၁ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၇၄ ဦးတို့အား ရာကျင့် ၄၀၁ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိ သော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှတ်ပေးခဲ့ပြီး တရုတ်နိုင်ငံသား ကျား ၃၂ ဦး၊ မ ၂ ဦး၊ ပေါင်း ၃၄ ဦးအား ပြည်နှင်ခွင့်ပြုမိန့် မရမီ မန္တလေးဗဟိုအကျဉ်းထောင်၌ ဆက်လက်ထိန်းသိမ်းထားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)