ဗန်းမောက်မြို့၌ အခြေခံအင်္ဂလိပ်စကားပြောသင်တန်း အခမဲ့ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမောက်မြို့၌ အခြေခံအင်္ဂလိပ်စကားပြောသင်တန်း အခမဲ့ဖွင့်လှစ်


MNP - ဧပြီ   ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ကြီးမှူး၍ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ဧပြီလ(၁၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က မြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စတင်ဖွင့်လှစ်သင်ကြားသည်။

ထို့အခမ်းအနား၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသူဟန် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးငြိမ်းချမ်းဦးက မိတ်ဆက်အမှာစကားပြောကြားကာ သက်တန်းသားများနှင့် မိတ်ဆက်၍ သင်တန်းကို စတင်ပို့ချခဲ့သည်။

အဆိုပါသင်တန်းအား မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိရှိအသုံးချတတ်ပြီး ဉာဏ်ရည်ဉာဏ်သွေးပိုမိုထက်မြက်လာစေရန်နှင့် အင်္ဂလိပ်စကားပြောဆိုရာ၌ အထောက်အပံ့ကောင်း ဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုသင်တန်း၌ သင်တန်းသား(၁၀)ဦးသာလက်ခံ၍ ဧပြီလ(၁၈)ရက်နေ့မှ (၂၇)ရက်နေ့အထိ (ညနေ(၃)နာရီမှ ညနေ(၅)နာရီအထိ) (၁၀)ရက်တာကာလအတွင်း သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သတင်း - မေသူဟန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)