ကလိန်အောင်မြို့တွင် Mobile Library စာပေဖတ်ရှုနိုင်စေရန် နယ်လှည့်ကွင်းဆင်း စာငှားခြင်းလုပ်ငန်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလိန်အောင်မြို့တွင် Mobile Library စာပေဖတ်ရှုနိုင်စေရန် နယ်လှည့်ကွင်းဆင်း စာငှားခြင်းလုပ်ငန်းဆောင်ရွက်





MNP -  ဧပြီ    ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထာဝယ်ခရိုင်၊ကလိန်အောင်မြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ကလိန်အောင်နယ်မြေမီးသတ်စခန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများကနယ်လှည့်စာကြည့်တိုက် Mobile Libraryလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများကမဟာသင်္ကြန် ရုံးပိတ်ရက် ကာလအတွင်းစာကြည့်တိုက်သို့မလာရောက်နိုင်သည့်စာဖတ်/စာငှားပရိသတ်များအတွက်စာအုပ်/စာစောင်များ အလွယ်တကူ ငှားရမ်း ဖတ်ရှုနိုင်ရေး ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် Mobile Library လုပ်ငန်းကို ထွေ/အုပ်ဝန်ထမ်းများနှင့် မီးသတ်ဝန်ထမ်းများအားအသင်းဝင်ကတ်ပြားများ ပြုလုပ်ပေးခြင်း၊စာဖတ်ပရိတ်သတ် အကြိုက်စာအုပ်များငှားရမ်းပေးခြင်းများကို အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိရာ စာဖတ်ပရိတ်သတ်ကြိုက်နှစ်သက်သည့် စာအုပ်များအား (၂)ပတ်လျှင် တစ်ကြိမ် သွားရောက် လဲလှယ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ခင်ခင်လဲ့ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)