သံတွဲခရိုင်တွင် Mobile Phone ဖြင့် Video တည်းဖြတ် (Online)သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်တွင် Mobile Phone ဖြင့် Video တည်းဖြတ် (Online)သင်တန်း ဖွင့်လှစ်




MNP -  ဧပြီ    ၂

Mobile Phone ဖြင့် Video တည်းဖြတ် (Online)သင်တန်းကို ယနေ့မွန်းလွဲ ၁ နာရီက သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်၊ မြို့နယ်၊ မြို့ရုံးများရှိ ဓာတ်ပုံ-၂ ဝန်ထမ်းများနှင့် စာကြည့်တိုက်တာဝန်ခံများအား (Online)စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ရှေးဦးစွာ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် Mobile Phone ဖြင့် Video တည်းဖြတ်ခြင်းသင်ခန်းစာများကို ပထမနေ့အဖြစ် မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီအထိ သင်ကြားပို့ချခဲ့သည်။

အဆိုပါသင်တန်းကို သံတွဲခရိုင်အတွင်းရှိဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်ပြီး ဌာနရည်မှန်းချက် တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက်ဖွင့်လှစ်ခြင်းပြီး သင်တန်းကာလမှာ ဧပြီ ၁ ရက် နေ့မှ ၃ ရက်နေ့အထိ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်၊ မြို့ နယ်၊ မြို့ရုံးများရှိ ဓာတ်ပုံ-၂ ဝန်ထမ်းများနှင့် စာကြည့်တိုက်တာဝန်ခံများ စုစုပေါင်း ၁၂ ဦးအား သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

သတင်း - သန့်ဇင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)