တပ်တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် MobileTeam ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် MobileTeam ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေး




MNP ၊ ဧပြီ ၁၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် Mobile Team ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တကြိမ်မှမထိုးနှံရသေးသည့် အသက် (၁၈)နှစ်နှင့် အထက်အား ယနေ့နံနက်  (၇) နာရီ၃၀ အချိန်က စတင်ပြီး တပ်တောင်မြို့အမှတ် (၂) ရပ်ကွက်ရေမျက်ပြင်ပိုင်းစုရပ် နှင့် စပါးဒိုင်ကွင်းပိုင်း ဆေးထိုးစုရပ်တို့ ၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ  စာရင်းများမှတ်ယူခြင်း ၊ လာရောက် ထိုးနှံသည့် သူများအား၊ ကျန်းမာရေး စစ်ဆေးခြင်းများကို စနစ်တကျဆောင်ရွက်ပေးကာ ကွယ်ဆေးထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံထာပြီးသူများအား မိနစ်၃၀ ခန့် စောင့်ကြည့်ခဲ့ကြောင်းနှင့် အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးစုရပ်များသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် နယ်မြေခံရဲတပ်ဖွဲ့စခန်းမှူးတို့က လှည့်လည်ကာ ကျန်းမာရေးဝန်ထမ်းများ ဆေးထိုးလာသူများကို အားပေးကြည့်ရှု ခဲ့ကြကြောင်း သိရသည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)