ရွာငံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများပေးပို့ပြီး ပြန်လာသည့် မော်တော်ယာဉ်အား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက သေနတ်ဖြင့်ချောင်းမြောင်း ပစ်ခတ်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး အမျိုးသားတစ်ဦး သေဆုံးကာ ဒုမြို့နယ် ပညာရေးမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွာငံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများပေးပို့ပြီး ပြန်လာသည့် မော်တော်ယာဉ်အား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက သေနတ်ဖြင့်ချောင်းမြောင်း ပစ်ခတ်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး အမျိုးသားတစ်ဦး သေဆုံးကာ ဒုမြို့နယ် ပညာရေးမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ


MNP ၊ ဧပြီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပေးပို့ပြီး ပြန်လာသည့် မော်တော်ယာဉ်အား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက သေနတ်ဖြင့်ချောင်းမြောင်း ပစ်ခတ်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး အမျိုးသားတစ်ဦး သေဆုံးကာ ဒုမြို့နယ်ပညာရေးမှူးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၉ ရက်နေ့နံနက်ပိုင်းတွင် ရွာငံမြို့နယ်ပညာရေးမှူးရုံးမှ ဒုမြို့နယ် ပညာရေးမှူး ဦးဝင်းလွင်မိုး ဦးစီးသည့် ပညာရေးဝန်ထမ်းများသည် ရွာငံမြို့နယ်စာစစ်ဌာနမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများအား တောင်ကြီးမြို့ရှိ ပြည်နယ် ပညာရေးမှူးရုံးသို့ မော်တော်ယာဉ်တစ်စီးဖြင့် သွားရောက်အပ်နှံပြီး မွန်းလွဲ ၃ နာရီခွဲအချိန်တွင် တောင်ကြီးမြို့မှ ရွာငံမြို့သို့ အောင်ပန်း-ရွာငံကားလမ်းအတိုင်း ထွက်ခွာလာခဲ့ရာ ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာ အနီးအရောက်၌ လမ်း၏ဝဲယာတို့မှ အသင့်စောင့်ဆိုင်းနေသည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၂၅ ဦးခန့်မှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် မော်တော်ယာဉ်ပေါ်ပါ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့သဖြင့် အကြမ်းဖက် သမားများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

ထိုသို့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ ချောင်းမြောင်းပစ်ခတ်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ အောင်ပန်း-ရွာငံလမ်းအတိုင်းမောင်းနှင်လာသည့် MDY 2G/5848 မန္တလေး-တောင်ကြီးခရီးသည်တင်ယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် တောင်ကြီးမြို့၊ ချမ်းမြသာစည် ရပ်ကွက်နေ ဦးခင်မောင်အေး(၆၀)နှစ် (ဘ)ဦးဘမောင်တွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ဖြင့်သေဆုံးခဲ့ပြီး အဖြေလွှာပို့ပြီးပြန်လာသည့် မော်တော်ယာဉ်ပေါ်ပါ ဒုမြို့နယ် ပညာရေးမှူး ဦးဝင်းလွင်မိုးတွင် ဦးခေါင်းဝဲဘက်ကျည်ရှပ်ထိ ဒဏ်ရာတစ်ချက်ရရှိခဲ့သည်။

ဖြစ်စဉ်တွင် ကျဆုံး၊ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား အောင်ပန်းတပ်မတော်ဆေးရုံနှင့် တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံတို့သို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)