MNP ၊ ဧပြီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြိုနယ်၊ ပဲမြစ်တော(ရှေ့)ကျေးရွာအနီး ဘုတလင်-ဒီပဲယင်းကားလမ်း၊ အရာတော်သွားလမ်းခွဲ၌ ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ခရီးသည်ယာဉ်တစ်စီးကို NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများက သေနတ်ပြခြိမ်းခြောက်တားဆီး၍ ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် ကုန်ပစ္စည်းများကို လုယက်ယူဆောင်သွားကြောင်း သိရသည်။
NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမား ၅၀ ဦးခန့်သည် "ရွှေဇင်ယော်" ခရီးသည်တင်ယာဉ်အား သေနတ်ပြခြိမ်းခြောက်တားဆီးကာ ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် ကုန်ပစ္စည်းများအနက် ကျန်းမာရေးသုံးပစ္စည်းများဖြစ်သော လက်အိတ် ၇၆ စုံ၊ Cap ၇၅ စုံ၊ Mask ၇၅ ဗူး၊ Face Shield ၇၅ ခု၊ N-95 Mask ၇၅ ခု၊ B-1 ၁ ဗူးလျှင် အလုံး ၁၀၀ စီပါ ၂၁၀၀ ဗူး၊ Synara Press ၁၀၀၀ ခု၊ Implant ၃၀ ခု၊ Depo ထိုးဆေး ၁၀၀၀ လုံး၊ Mch Hand Book ၂၀၀၀ အုပ်၊ Gown ၇၅ စုံအား လုယက်ယူဆောင်သွားကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment