ဒဂုံမြိုသစ်မြောက်ပိုင်းတွင် ရာအိမ်မှူးတစ်ဦးကို NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြိုသစ်မြောက်ပိုင်းတွင် ရာအိမ်မှူးတစ်ဦးကို NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်


MNP ၊ ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၂ ရပ်ကွက်ရှိနေအိမ်တစ်ခု၌ ယနေ့ ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် ရာအိမ်မှူးတစ်ဦးကို NLD အစွန်းရောက် နီပိန်း PDF အကြမ်းသမား ၃ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ရာအိမ်မှူးဦးဆန်းမင်းထွန်း (၄၈) နှစ်သည် ဇနီးဖြစ်သူနှင့်အတူနေအိမ်တွင်ရှိနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် လူသုံးဦးရောက်လာပြီး နှစ်ဦးမှနေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးဆန်းမင်းထွန်းမှာ ယာလက်မောင်း ထိမှန်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ထိမှန်ဒဏ်ရာ ၁ ချက်တိုရရှိခဲ့ပြီး ဇနီးဖြစ်သူကို ထိမှန်ခြင်းမရှိခဲ့ကြောင်း သိရသည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒဏ်ရာရရှိသူ ဦးဆန်းမင်းထွန်းကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး အခင်းဖြစ်သည့်နေရာမှ 9MM Thai Arms ကျည်ခွံ ၆ ခုတွေ့ရှိခဲ့ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)