ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံပြည်သူများသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca (၁)သန်း doses အနက် ဒုတိယအသုတ် ကာကွယ်ဆေး(၅)သိန်း Doses နှင့် ဆေးထိုးအပ် (၅)သိန်း ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံပြည်သူများသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca (၁)သန်း doses အနက် ဒုတိယအသုတ် ကာကွယ်ဆေး(၅)သိန်း Doses နှင့် ဆေးထိုးအပ် (၅)သိန်း ရောက်ရှိ



MNP ၊ ဧပြီ ၂

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အသုံးပြုရန် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ပြည်သူများသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca အမှတ်တံဆိပ် (၁)သန်း doses အနက် ဒုတိယအသုတ် ကာကွယ်ဆေး(၅)သိန်း Doses နှင့် ဆေးထိုးအပ် (၅)သိန်းတို့သည် Thai Airways လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိလာရာ အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ လွှဲပြောင်းပေးအပ်ပွဲကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဧည့်ခန်းမဆောင်၌ ပြုလုပ်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ Charge d' affaires, a.i. Mrs.Kanokwan Pengsuwan နှင့် သံရုံးတာဝန်ရှိသူများတက် ရောက်ခဲ့ကြသည်။

ယခုလှူဒါန်းမှုမှ ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းနေသေးသော တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကျေးလက်ဒေသများအထိ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးသွားမည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အဓိကအရေးကြီးသည့် ဦးတည်အုပ်စုများအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးကို ဦးတည်ချက်ထား၍ လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဧပြီ ၂ ရက်အထိ ကာကွယ်ဆေးအနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးစီးသူ လူဦးရေ စုစုပေါင်း (၂၇ ဒသမ ၀၁)သန်းရှိပြီး ထပ်ဆောင်းကာကွယ် ဆေးထိုးနှံပြီးစီးသူ လူဦးရေ(၁ ဒသမ ၀၉)သန်း ရှိပြီဖြစ်သည်။ သို့ဖြစ်ပါ၍ ဧပြီ ၁ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၄၉ ဒသမ ၉၆)သန်း ထိုးနှံပြီးဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံမှု ခံယူထားခြင်းဖြင့် ရောဂါပြင်းထန်စွာ ဖြစ်ပွားမှု၊ ရောဂါကြောင့် ဆေးရုံတက်ရောက်ရမှုနှင့် သေဆုံးရမှုကို သိသာစွာ လျှော့ချနိုင်သောကြောင့် ရည်မှန်းဦးတည်အုပ်စုများအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်မပျက်မကွက် ထိုးနှံမှုခံယူထားရန် အလွန်ရေးကြီးသည်။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးရေး တက်ကြွစွာ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော် ထားကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)