တောင်တွင်းကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ လုံခြုံရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ကူညီဖြည့်ဆည်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ လုံခြုံရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ကူညီဖြည့်ဆည်း ဆောင်ရွက်




MNP -  ဧပြီ    ၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက သင်္ချာဘာသာရပ်ကို စာစစ်ဌာန(၄)ခုဖြင့် စတင်ဖြေဆိုကျင်းပရာ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက စာစစ်ဌာနအလိုက် လုံခြုံရေးကိစ္စရပ်များနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ် ဌာနအလိုက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ လုံခြုံရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး လုပ် ငန်း ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ ကျော်ခိုင်ထွန်းနှင့် တာဝန်ရှိသူများက စာစစ်ဌာနကျောင်းများသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းလုံခြုံစွာ ဖြေဆိုနိုင်ရန် ကျောင်းဝန်းလုံခြုံရေးကိစ္စရပ်များ ၊ အထိတ် တလန့် ဆူညံခြင်းများ မဖြစ်ပေါ်စေရေး တာဝန်ယူ ဆောင်ရွက်နေသည့် ဌာနဆိုင်ရာများကို တွေ့ဆုံ၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက် ထားသည့် ကျောင်းသား ကျောင်းသူဦးရေမှာ ကျား၆၉၃ ဦး ၊ မ ၉၅၁ ဦး ၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၆၄၄ဦး ရှိကြောင်း သိရသည်။ ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲ သခ်ျာဘာသာရပ် ဖြေဆိုကျင်းပရာ စာစစ်ဌာန(၄)ခုတွင် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျား(၆၂၃) ဦး ၊ မ(၈၈၁)ဦး ၊ စုစုပေါင်း ကျောင်းသားကျောင်းသူ(၁၅၀၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ကျား(၇၀) ဦး ၊ မ(၇၀)ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ(၁၄၀)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။

သတင်း - နိုင်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)