မြန်မာနိုင်ငံသားမဟုတ်တော့သည့် NLD အစွန်းရောက် နီပိန်း အကြမ်းဖက် လှုံ့ဆော်သူများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံသားမဟုတ်တော့သည့် NLD အစွန်းရောက် နီပိန်း အကြမ်းဖက် လှုံ့ဆော်သူများ





MNP ၊ ဧပြီ ၂

NLD အစွန်းရောက်တွေဟာ မဲလိမ်မဲခိုးမှုတွေကျူးလွန်ခဲ့သည့်အတွက် တပ်မတော်က နိုင်ငံတော်အာဏာအရပ်ရပ်ကို လွှဲပြောင်း ရယူလိုက်တဲ့အချိန်မှာ တပ်မတော်က အာဏာလုယူသယောင် အများပြည်သူကို ဝါဒဖြန့်လှုံ့ဆော်ပြီး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံ့ဆော်ခဲ့ကြပါတယ်။ NLD အစွန်းရောက် နီပိန်း အကြမ်းဖက်လှုံ့ဆော်သူတွေရဲ့ ဆောင်ရွက်ချက်တွေကို တိုင်းပြည်တာဝန်ယူထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ တစ်နှစ်ကျော်ကြာ သည်းခံခွင့်လွှတ်ပေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

NLD အစွန်းရောက် နီပိန်းအကြမ်းဖက်တွေဟာ သူတို့ရဲ့ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေကို ဥပဒေကြောင်းအရ တရားစွဲဆိုမှုတွေ လုပ်လာတဲ့အချိန်မှာ သူတို့ကို နောက်ကွယ်ကနေ ငွေကြေး၊ လက်နက်ထောက်ပံ့ပေးပြီး ခိုင်းစေနေတဲ့ အမေရိကန်ရဲ့ အကူအညီနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်သွားကြပါတယ်။ 

NLD အစွန်းရောက် နီပိန်းအကြမ်းဖက် လှုံ့ဆော်သူအများစုကို အမေရိကန်က အောက်လမ်းကနေ ခေါ်ထုတ်သွားခဲ့ပြီး သူ့နိုင်ငံမှာ ခိုလှုံခွင့်ပြုထားခြင်းဖြစ်ပါတယ်။

တစ်နှစ်ကျော်ကြာကာလမှ ပြည်ပကနေ မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး ပြည်သူတွေကို လမ်းမှားရောက်အောင် လုပ်ဆောင်နေတဲ့ NLD အစွန်းရောက် နီပိန်းအကြမ်းဖက်လှုံ့ဆော်သူတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံသားအဖြစ်မှရပ်စဲကြောင်း ထုတ်ပြန်ကြေညာတာတွေ လုပ်ဆောင်လာခဲ့ပါတယ်။ 


၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၇ ပါ ဗဟိုအဖွဲ့၏လုပ်ပိုင်ခွင့်အရ ယင်းဥပဒေပုဒ်မ ၁၆ နှင့်အညီ နိုင်ငံသား အဖြစ်မှ ရပ်စဲကြောင်း ထုတ်ပြန်ကြေညာမှုတွေ လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၈၂မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ ၁၆ ဆိုတာကတော့ "နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွါလျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ နိုင်ငံသားအဖြစ်မှ ရပ်စဲသည်။" လို့ ပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်။

တိုင်းရင်းသားမိဘနှစ်ပါးက မွေးတဲ့ မွေးရာပါ နိုင်ငံသားတစ်ယောက်ဟာ အထက်ပါအကြောင်းကိစ္စကြောင့် မဟုတ်ရင် နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းမရှိစေရ ဆိုတဲ့ ပုဒ်မ(၁၇) ပြဋ္ဌာန်းချက်လည်း ရှိထားပါတယ်။

NLD အစွန်းရောက် နီပိန်းအကြမ်းဖက်လှုံ့ဆော်သူတွေကို နိုင်ငံသားအဖြစ်မှ ရပ်စဲရုံတင်မဟုတ်ပါဘူး။ ဖြစ်နိုင်ရင်တော့ ကမ္ဘာ့အပြင်ဘက်အထိ စွဲထုတ်ထားသင့်တာပါ။ ဒီလူတွေဟာ ဘယ်လောက်အထိအောင် ယုတ်ကန်းသလဲဆိုရင် ပြည်ပက ပေးတဲ့အထောက်အပံ့တွေနဲ့ ပြည်သူတွေ ကောင်းကျိုးအတွက် အသုံးမချဘဲ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်ဖို့ လေလှိုင်းပေါ်ကနေ ဝါဒဖြန့်လှုံ့ဆော်သလို ငွေကြေး၊ လက်နက်တွေပေးပြီး တိုင်းရင်းသားပြည်သူအချင်းချင်း ရဟန်းသံဃာတော်ပါမချန် ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်ခိုင်းနေကြသူတွေပဲဖြစ်ပါတယ်။


နိုင်ငံသားအဖြစ်မှရပ်စဲကြောင်း ကြေညာလိုက်တဲ့ NLDအစွန်းရောက် နီပိန်း အကြမ်းဖက်လှုံ့ဆော်သူ ပထမဆုံး အုပ်စုမှာတော့ ဆရာဝန်ဆိုတဲ့ ဂုဏ်ကိုမှ မထောက်၊ လူသတ်အကြမ်းဖက်ဖို့ လှုံ့ဆော်နတဲ့ ဇော်ဝေစိုးပါ (၁၁)ဦးဖြစ်ပါတယ်။ 

ပထမဆုံး နိုင်ငံသားအဖြစ်က ရပ်စဲခြင်းခံရတဲ့ NLD အစွန်းရောက် နီပိန်းအကြမ်းဖက်လှုံ့ဆော်သူ စာရင်းကတော့ -

(၁) ဇော်ဝေစိုး (ဘ) ဦးမောင်လေး၊ ( ၂) ရည်မွန် (ခ) တင်သစ် (ဘ) ဦးကျော်ဆွေ၊ ( ၃) လွင်ကိုလတ် (ဘ) ဦးလှဝင်း၊ (၄) ဇင်မာအောင် (ဘ) ဦးအောင်ကြည်၊ ( ၅) ထင်လင်းအောင် (ဘ) ဦးသိန်းအောင်၊ ( ၆) အောင်မျိုးမင်း (ဘ) ဦးမင်းအောင်၊ (၇) အိသဉ္ဇာမောင် (ဘ) ဦးတိုးတိုးမောင်၊ ( ၈) ဆာဆာ (ဘ) ဦးအဲန်ပီ (ခ) အေဘီ၊ (၉) မင်းကိုနိုင် (ခ) ပေါ်ဦးထွန်း (ဘ) ဦးသက်ညွန့်၊ (၁၀) မျိုးရန်နောင်သိမ်း (ဘ) ဦးမြသိန်း၊ (၁၁) အိပန်ဆယ်လို (ခ) အိမ့်ပိုးဥ (ဘ) ဦးကျော်နိုင်။

၂။ ဆက်လက်၍ အလားတူကျူးလွန်သူများကို စိစစ်ဖော်ထုတ်လျက် အရေးယူသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဒုတိယအကြိမ် နိုင်ငံသားအဖြစ်မှရပ်စဲကြောင်း ကြေညာလိုက်တဲ့ ပထမဆုံး NLD အစွန်းရောက် နီပိန်းအကြမ်းဖက်လှုံ့ဆော်သူ အုပ်စုမှာတော့ -

(၁) ဆောင်းဦးလှိုင်(ဘ)ဦးဆွေလင်းအေး၊ ( ၂) မောင်မောင်အေး(ဘ)ဦးရင်ဝှာ၊ ( ၃) ခင်မမမျိုး(ဘ)ဦးမျိုးသန့်၊ (၄) ပြည်သစ်ညွန့်ဝေ(ခ)မောင်မောင်(ဘ)ဦးညွန့်ဝေ၊ ( ၅) ဖြူဖြူသင်း(ဘ)ဦးလှထွန်း တို့ဖြစ်ပါတယ်။


ယမန်နေ့ (၁-၄-၂၀၂၂) ရက်နေ့က နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ထုတ်ပြန်လိုက်တဲ့ NLD အစွန်းရောက် နီပိန်း အကြမ်းဖက်လှုံ့ဆော်သူ အုပ်စုမှာတော့ -

(၁) မောင်မောင်လတ် (ဘ) ဦးထွန်းတင်၊ ( ၂) ကျော်မိုးထွန်း (ဘ) ဦးထွန်းရည်၊ ( ၃) အောင်ကျော်နိုင် (ဘ) ဦးဘသင်၊ (၄) မြမြကြည် (ဘ) ဦးဂူမန်ဆင်၊ ( ၅) ကျော်စွာမင်း (ဘ) ဦးကျော်မင်း၊ ( ၆) သက်ထားမြရည်စံ (ဘ) ဦးမြငွေ၊ (၇) စုစုအောင် (ဘ) ဦးလှအောင်၊ ( ၈) ကျော်စွာထွန်း (ဘ) ဦးဝုန်းဒိုလျန်း၊ (၉) ကြူကြူမြင့် (ဘ) ဦးဖုန်းမြင့်၊ (၁၀) မြတ်သွယ်အောင် (ဘ) ဦးတင်ဇော်၊ ( ၁၁) ယမင်းယု (ဘ) ဦးသိန်းတန်၊ ( ၁၂) ရဲခေါင် (ဘ) ဦးကျော်စွာမင်း၊ ( ၁၃) ဟန်ထူးလွင်(ခ)ကျားပေါက် (ဘ) ဦးမောင်မောင်လွင်(ခ)ရင်ဂို၊ (၁၄) မေဦး(ခ)ဟိန်းမင်းဦး (ဘ) ဦးသောင်းမြင့်၊ (၁၅) ညီညီ(သရဝဏ်-ပြည်) (ဘ) ဦးခင်ဇော်၊ (၁၆) ဟန်လင်း(ခ)ဖြိုးဟန်ကျော် (ဘ) ဦးရူပ၊ (၁၇) ဒေါင်း(ခ)သူရအောင် (ဘ) ဦးမြင့်အောင် တို့ ဖြစ်ပါတယ်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ဆက်လက်စိစစ်ဖော်ထုတ်တွေ့ရှိရသူများကိုလည်း အလားတူ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


NLD အစွန်းရောက် နီပိန်း အကြမ်းဖက်လှုံ့ဆော်သူတွေကို ယုံကြည်ထောက်ခံပြီး ပြည်တွင်းမှာ ကိုယ့်တိုင်းရင်းသားပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်နေကြတဲ့ နီပိန်း အကြမ်းဖက်သမားလေးတွေ ရှိပါတယ်။ အထက်ဖော်ပြပါ ပုဂ္ဂိုလ်တွေဟာ သူတို့ကိုယ်တိုင် တော်လှန်ခြင်း၊ တိုက်ခိုက်ခြင်းမရှိဘဲနဲ့ လေလှိုင်းပေါ်ကနေလှုံ့ဆော်ပြီး ပြည်ပက အကူအညီ အထောက်အပံ့တွေနဲ့ ပြည်ပမှာ ခိုလှုံနေကြပါပြီ။ တိုင်းပြည်အတွင်းမှာ မရှိကြတော့တဲ့အတွက်ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ကြေညာခြင်းဖြစ်ပါတယ်။


NLD အစွန်းရောက် နီပိန်း အကြမ်းဖက်လှုံ့ဆော်သူတွေရဲ့ မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး ဝါဒဖြန့်လှုံ့ဆော်မှိုင်းတိုက်မှုတွေမှာ ရူးရူးနှမ်းနှမ်းနဲ့ ဆင်ကန်းတောတိုး မိုက်မဲပြီး ကိုယ့်ပြည်သူအချင်းချင်း သတ်နေကြတဲ့ နီပိန်း အကြမ်းဖက်သမားလေးတွေ အနေနဲ့ မိမိတို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို ဆင်ခြင်သတိပြုပြီး အဆုံးသတ်ကြပါတော့လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။


ပိန်းတာက အလွန်အမင်း မကောင်းပါဘူး။ မိမိရဲ့ ကိုယ်ပိုင်စဉ်းစားဉာဏ်က လုပ်သင့်တဲ့အလုပ်၊ မလုပ်သင့်တဲ့အလုပ် ကိုမှ ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိမျိုး မရှိတော့ဘူးဆိုရင်တော့ NLD အစွန်းရောက် နီပိန်းအကြမ်းဖက်လှုံ့ဆော်သူတွေရဲ့ အသုံးချခံ အကြမ်းဖက်သမားလေးတွေအဖြစ်နဲ့ ဘဝနိဂုံး အဆုံးမလှဖြစ်ကြရပါလိမ့်မယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)