MNP - ဧပြီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်အတွက် လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က “အေရိုးဗစ်” သင်တန်းကို ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက သင်တန်းဖွင့်လှစ်ရခြင်းကြောင့် လူငယ်များနှင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို သင်တန်းနည်းပြဆရာမ ဒေါ်အိအိလှိုင်းမှ ဧပြီ ၂ ရက်မှ ၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်အသီးသီးမှ သင်တန်းတက်ရောက်သူ သင်တန်းသား (၁၅)ဦး တက်ရောက်သင်ကြားကြကြောင်း သိရသည်။
သတင်း - ထွန်းထွန်းထူး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment