MNP - ဧပြီ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မြို့အဝင်အထွက် စစ်ဆေးရေး ဂိတ်တွင် ဧပြီလ(၁)ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်လဝကဝန်ထမ်းများ၊ တာဝန်ကျဝန်ထမ်းများ ပူးပေါင်း၍ ခရီးသွားလာနေသောပြည်သူ များအား ကာကွယ် ဆေးထိုးကတ်ပြားများနှင့်မှတ်ပုံတင်ကဒ်ပြားများ ကိုင်ဆောင်လာခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ပူးပေါင်းအဖွဲ့သည် မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်တွင် ဖြတ် သန်းသွားလာသည့် ခရီးသွား ပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ကိုဗစ်ကာကွယ်ဆေးထိုးကတ်ပြားများဖြင့် ခရီးသွားလာမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် မှတ်ပုံတင်နှင့် ဆေးထိုးကတ်ပြားမပါရှိသူများကို မြို့အဝင်၊ အထွက်ဂိတ်အား ဖြတ်သန်းခွင့်မပြုဘဲစစ်ဆေးဆောင် ရွက်နေမှုအား ကြည့်ရှုစစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - နိုင်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment