သင်္ကြန်အကြိုနေ့ မုံရွာမြို့၊ အလယ်ရပ်ကွက်တွင် NLD အစွန်းရောက် အကြမ်းဖက်သမားများက လက်လုပ်မိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ ပြည်သူတစ်ဦး သေဆုံး၊ ၆ဦး ဒဏ်ရာရ - Myanmar National Post

Myanmar National Post

News Agency

Breaking

သင်္ကြန်အကြိုနေ့ မုံရွာမြို့၊ အလယ်ရပ်ကွက်တွင် NLD အစွန်းရောက် အကြမ်းဖက်သမားများက လက်လုပ်မိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ ပြည်သူတစ်ဦး သေဆုံး၊ ၆ဦး ဒဏ်ရာရ










MNP ၊ ဧပြီ ၁၃

ယနေ့ ဧပြီ ၁၃ရက်၊ သင်္ကြန်အကြိုနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အလယ်ရပ်ကွက်တွင် NLD အစွန်းရောက် အကြမ်းဖက်မသားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး၍ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် မုံရွာမြို့၊ အလယ်ရပ်ကွက်၊ ဘုရားနီလမ်းနှင့် ပြည်ထောင်စုလမ်းဆုံရာ ငှက်ပျောသီးဆိုင်ရှေ့လမ်းဘေးတွင် NLD အစွန်းရောက် အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အပြစ်မဲ့ ပြည်သူတစ်ဦးဖြစ်သည့် မဆွေဆွေလှိုင်မှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး မသန်းမြင့်ဌေး၊ ဦးသန်းလွင်၊ ကိုစိုးမင်းနိုင်၊ ကိုဝေနှင်း၊ ကိုအောင်မင်းဦး၊ ဦးရွှေသီးတို့မှာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုဆောင်ရွက်ထားပြီး ကျူးလွန်သည့် NLD အစွန်းရောက် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးရှာဖွေလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)