တွံတေးမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌကို NLD အစွန်းရောက် အကြမ်းဖက်သမားမှ သေနတ်ဖြင့်ပစ်သတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တွံတေးမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌကို NLD အစွန်းရောက် အကြမ်းဖက်သမားမှ သေနတ်ဖြင့်ပစ်သတ်


MNP ၊ ဧပြီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်၊ မြဂိုးကျေးရွာ၊ တွံတေး-မအူပင်ကားလမ်း၊ သံဝါးအနီးတွင် ဧပြီလ ၃၀ ရက်နံနက် ၇ နာရီ ၅၅ မိနစ်အချိန်က လူတစ်ဦးပါးတွင် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် လဲကျသေဆုံးနေကြောင်းသိရသဖြင့် လုံခြုံရေးတပ်ဖွဲများမှ အခင်းဖြစ်ရာသိုသွားရောက် စိစစ်ခဲ့ရာ သေဆုံးသူမှာ တွံတေးမြို့နယ်၊ ဈေးသစ်ရပ်ကွက်၊ မရမ်းကုန်းလမ်းတွင်နေထိုင်သူ စောအယ်မှူးကြီးဖြစ်ပြီး တွံတေးမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိရသည်။

သူသည်လေးအိမ်စုကျေးရွာရှိ ဖခင်ဖြစ်သူ၏ နေအိမ်မှပြန်လာစဉ် NLD အစွန်းရောက် အကြမ်းဖက်သမားက  သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

NLD အစွန်းရောက် အကြမ်းဖက်သမားများသည် လုပ်ကြံသတ်ဖြတ်မှုများကို ကျူးလွန်နေကြဆဲဖြစ်ပြီး ၎င်းတို့၏ လုပ်ကြံသတ်ဖြတ်မှုများကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၂၅၀၀ ကျော်အထိ သေဆုံးခဲ့ရပြီး ဖြစ်ပါသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)