ပိုင်ကျုံမြို့၊ အ.လ.က(ခွဲ)ဝင်းကမော့ကျောင်းတွင် Steel Structure ဖြင့် ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်း (၉၇)ရာခိုင်နှုန်းပြီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့၊ အ.လ.က(ခွဲ)ဝင်းကမော့ကျောင်းတွင် Steel Structure ဖြင့် ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်း (၉၇)ရာခိုင်နှုန်းပြီး


MNP - ဧပြီ    ၁၁

ပညာရေးဝန်ကြီးဌာနသည် နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာ ပညာသင်ကြား နိုင်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများ တည်ဆောက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံ မြို့၊ ကစို့ကျေးရွာအုပ်စု၊  ဝင်းကမော့ကျေးရွာ၊ အ.လ.က (ခွဲ)ဝင်း ကမော့ကျောင်းတွင် Steel Structure ဖြင့် (၁၂၀ပေ×၃၀ပေ)ရှိ (၁)ထပ်ကျောင်းဆောင်သစ်တစ်လုံး တည် ဆောက်ပေး ခဲ့ကြောင်း သိရှိရသည်။

အဆိုပါကျောင်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၏  ခွင့်ပြု ရန်ပုံငွေကျပ် (၇၈၄)သိန်း ကျော်ဖြင့် Marvel Koast ကုမ္မဏီမှ (၇၁)ရာခိုင်နှုန်း အထိ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးရေး အတွက်၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် တည်ဆောက်ခြင်း လုပ်ငန်းများ ပြန်လည်စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ဧပြီလ ၁၀ ရက်နေ့အထိ (၉၇)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ပါကြောင်း သိရှိရသည်။

ကျောင်းဆောင်သစ် တည်ဆောက်ခြင်း လုပ်ငန်းများပြီးစီးပါက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင် ဝင်းကမော့ကျေးရွာနှင့် နီးစပ်သည့် ကျေးရွာများရှိ လူငယ်လူရွယ်များအနေဖြင့်    အဆင်ပြေစွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - နော်ခူး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)