သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ



MNP -  ဧပြီ  ၁၀

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန  (Community Centre)  ခန်းမတွင်  ကျင်းပခဲ့သည်။

အဆိုပါ  ဆွေးနွေးပွဲတွင်  သံတောင်ကြီးမြို့နယ် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်နော်လော်မူနှင့်  ဒုတိယဦးစီးမှူး ဒေါ်နော်နီလာအေးတို့က  ဦးဆောင်ဆွေးနွေးခဲ့ကြပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းဖို့ သစ်တောသစ်ပင် ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်အောင်ပြုစုပေးရန်လိုကြောင်း၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းလျှင်  အကျိုးရှိသည်မှာ  အမှန်ပင်ဖြစ်ကြောင်း၊  သစ်တောသစ်ပင်များ  ပျက်ဆီးလျှင် သဘာဝပတ်ဝန်းကျင်လည်း လေထုညစ်ညမ်းကြောင်းအစရှိသည့် အသိပညာပေး အကြောင်း အရာများကို   ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

သတင်း - နီလာအေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)