လျှပ်စစ်ဓါတ်အားနှင့် ရေကိုခြိုးခြံခြွေတာစွာသုံးစွဲနိုင်ရေး အသိပညာပေး Talk Show ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လျှပ်စစ်ဓါတ်အားနှင့် ရေကိုခြိုးခြံခြွေတာစွာသုံးစွဲနိုင်ရေး အသိပညာပေး Talk Show ကျင်းပ

 


MNP - ဧပြီ    ၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေဆရာအသင်းတို့ပူးပေါင်းကာ ယမန်‌နေ့နံနက် ၁၁ နာရီက မြို့နယ် Community  Center ခန်းမ၌ လျှပ်စစ်ဓါတ်အားနှင့် ရေကိုခြိုးခြံချွေတာစွာ သုံးစွဲနိုင်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေး Talk Show တွင် စာရေဆရာမပေါက်ပေါက်က လျှပ်စစ်ဓါတ်အားခြိုးခြံ ချွေတာရေးအတွက် ဝန်အားမျှအောင်သုံးစွဲရန်၊ LED မီလုံး၊ မီးချောင်းပြောင်းလဲသုံးစွဲရေး၊ လမ်းမီးများ၊ ခြံတွင်းမီးများကို နေရောင်ခြည်သုံး LED မီးစနစ်အားအသုံးပြုရေး၊ ဟန်းဖုန်းများ၊ ကွန်ပျုတာများကို လည်း ဘက်ထရီ(charging)အားဖြည့်ရာ၌ လိုအပ်ချိန် ပိုမိုကြာမြင့်စွာ အားဖြည့်ခြင်းဖြင့် လျှပ်စစ်ဓါတ် အားကို “ရေအသက်တစ်မနက်” ဆိုသည့်အတိုင်း လူသားတိူ့အနေဖြင့် ရေကိုအသက်ရှင်နေထိုင်နိုင်ရေး အတွက် အသုံးပြုကြရသဖြင့် ရေသည် တန်ဖိုးကြီးကြောင်း၊ ဒါကြောင့် ရေတစ်စက်ချင်းစီကို အလဟသမဖြစ်စေဘဲ  ချွေတာစွာသုံးစွဲသင့်ပါကြောင်း၊ မိမိတို့၏ နေအိမ်၊ ရုံးခန်း၊ အလုပ်ရုံများ၌ မလိုအပ်သောမီးခလုတ်များကို ပိတ်ထားခြင်းကိုသာ ရွေးချယ်အသုံးပြုသင့်ပါကြောင်း အစရှိသဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် လျှပ်စစ်မီးအန္တရာယ်မဖြစ်စေရေးအတွက် လျှပ်စစ်ဝါယာကြိုးများကို တတ်ကျွမ်းနားလည်သူများနှင့်သာ တပ်ဆင်အသုံးပြုရန်နှင့် လျှပ်စစ်မီးအသုံးပြုသူများ လိုက်နာဆောင်ရွက်ရန်အချက်များကို ထည့်သွင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - စိမ်းလဲ့

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)