ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပူတာအိုမြို့ ရဝမ်ရိုးရာယဉ်ကျေးမှုပြတိုက်နှင့် မြစ်ကြီးနားမြို့ရှိ အရေးကြီးပုဂ္ဂိုလ်(VIP) ဧည့်ရိပ်သာ(ဧရာဝတီ)တို့အား စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပူတာအိုမြို့ ရဝမ်ရိုးရာယဉ်ကျေးမှုပြတိုက်နှင့် မြစ်ကြီးနားမြို့ရှိ အရေးကြီးပုဂ္ဂိုလ်(VIP) ဧည့်ရိပ်သာ(ဧရာဝတီ)တို့အား စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်သွားမည်



MNP -  ဧပြီ   ၂၇

ကချင်ပြည်နယ်၊ အစိုးရအဖွဲ့မှကြီးမှူး၍ ပူတာအိုခရိုင်၊ ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်ရိုးရာယဉ်ကျေးမှုပြတိုက်နှင့် မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အရေးကြီးပုဂ္ဂိုလ်(VIP) ဧည့်ရိပ်သာ(ဧရာဝတီ)တို့အား စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပြုလုပ်သည့် အဆိုပါ အဆောက်အအုံများ ဖွင့်လှစ်နိုင်ရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရှိရသည်။

အဆိုပါ အဆောက်အအုံများ ဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ ပြည်နယ်၏ ဂုဏ်ဆောင်ပြရုပ်များအဖြစ် ဆောင်ရွက်ထားခဲ့သည့် ပူတာအိုမြို့ ရဝမ်ရိုးရာ ယဉ်ကျေးမှုပြတိုက်နှင့် မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အရေးကြီးပုဂ္ဂိုလ်ဧည့်ရိပ်သာ (ဧရာဝတီ)တို့အား အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီတို့အား ဖွဲ့စည်းထားပြီ ဖြစ်ပါကြောင်း၊ ပူတာအိုဒေသရှိ ရဝမ်ရိုးရာယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲကို ဒေသတွင်းရှိ တိုင်းရင်းသားများနှင့်အတူ စည်းကားနွေးထွေးစွာ ပူးပေါင်းဖွင့်လှစ်နိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်သော ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ၂၀၁၉-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေနှင့် ပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် တည်ဆောက်ပြီးစီးခဲ့သော ရဝမ်ရိုးရာယဉ်ကျေးမှု ပြတိုက်ဖွင့်လှစ်နိုင်‌ရေးနှင့် မြစ်ကြီးနားမြို့ ကမ်းနားလမ်း၌ ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော အရေးကြီးပုဂ္ဂိုလ်(VIP) ဧည့်ရိပ်သာ(ဧရာဝတီ) ဖွင့်လှစ်နိုင်ရေးအတွက် ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များအပေါ် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဖွင့်ပွဲအခမ်းအနားများအတွက် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ပေးရန် ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အဦများ တည်ဆောက်ပြီးစီးပြီ ဖြစ်သည့်အတွက် ထိထိရောက်ရောက်ဖြင့် အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ အဆောက်အအုံများ စည်ကားသိုက်မြိုက်စွာဖြင့် အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီ အဖွဲ့ဝင်များအား လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)