မြောင်းမြမြို့တွင် မွေးရာပါ ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းသူအား wheel chair သွားရောက် ထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြမြို့တွင် မွေးရာပါ ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းသူအား wheel chair သွားရောက် ထောက်ပံ့



MNP - ဧပြီ    ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြောင်းမြခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက ယမန်နေ့ ညနေ(၃)နာရီအချိန်၌ မွေးရာပါ ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းသူတစ်ဦးကို wheel chair ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံမှုပေးရာတွင် မြောင်းမြမြို့နယ်၊ မရမ်းကုန်းနယ်မြေ၊ စိုက်ပျိုးရေးရပ်ကွက်၊ ရွှေတဆုတ်လမ်းနေ (ဘ) ဦးတင်ဦး၏သား ဦးသိန်းဦး အသက် ၅၄ နှစ် မွေးရာပါ ခန္ဓာကိုယ်အောက်ပိုင်းမသန်စွမ်းသူအား သွားလာနေထိုင်မှု အဆင်ပြေစေရန် ရည်ရွယ်လျက်  wheel chair တစ်ခုကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်တိုင်ရာ ရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ မြောင်းမြခရိုင်အတွင်းတွင် ထိုကဲ့သို့ wheel chair အသုံးပြုရန် အမှန်တကယ်လိုအပ်နေသူများသည် မြောင်းမြခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနတွင် လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။

သတင်း - ခင်ရူပါအေး  

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)