ပေါင်မြို့နယ်တွင် မြို့နယ်စာပေချစ်မြတ်နိုးသူများ (Women Club) အဖွဲ့နှင့် စာဖတ်ဝါသနာပါသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်တွင် မြို့နယ်စာပေချစ်မြတ်နိုးသူများ (Women Club) အဖွဲ့နှင့် စာဖတ်ဝါသနာပါသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ


 

MNP - ဧပြီ    ၇

သထုံခရိုင်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စာပေ ချစ်မြတ်နိုးသူများ၊ စာဖတ်အသင်း Club အဖွဲ့ဝင်များနှင့် စာဖတ်ဝါသနာပါသူများပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးမှ စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စာပေချစ်မြတ်နိုးသူများ (Women Club)အဖွဲ့ဝင် မခင်ရတနာ၊ (Book Club)အဖွဲ့ဝင် မမျိုးသန္တာနှင့် (Youth Club)မှ မိနဒီချမ်းတို့မှ စာရေးသူ အောင်သစ်၏ " အနာဂတ်လူငယ်နှင့် အခွင့်အလမ်း " စာအုပ်ကို အခန်းအလိုက် ဖတ်ရှုပြီး မှတ်သားဖွယ်ရာများ၊ ၎င်းတို့ နှစ်သက်ရာများနှင့် အကျိုးရှိစေသည့် စာပေအရေးအသားများ အစရှိသည်တို့ကို အပြန်အလှန်သုံးသပ် ဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ ပေါင်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Women Club) အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာပါသူများ၊ စာပေပညာရှင်များ၊ စာပေအရေးအသားကို စိတ်ဝင်တစား လေ့လာနေကြသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - တင်ဇာစိုး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)