လွယ်ဂျယ်မြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုပိုမိုလွှမ်းခြုံနိုင်ရေး ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လွယ်ဂျယ်မြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုပိုမိုလွှမ်းခြုံနိုင်ရေး ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး



MNP - ဧပြီ   ၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုပိုမို လွှမ်းခြုံနိုင်ရေးအတွင် ဆေးထိုးရန် ကျန်ရှိသူများအား မတ်လအတွင်း ပထမအကြိမ်ထိုးနှံပေးခြင်းနှင့် လုံးဝမထိုးနှံရသေးသူများအား ပထမအကြိမ်ထိုးနှံပေးခြင်းကို ဧပြီ(၅)ရက်နံနက်(၉)နာရီမှ  စ၍ လွယ်ဂျယ်မြို့ တရုတ်ရိုးရာယဉ်ကျေးမှုခန်းမတွင် ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိသည်။

ထိုသို့ထိုးနှံရာတွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီဆေးထိုးရန်လာရောက် သူများအား ပါးစပ်/နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိမရှိ စစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများပြုလုပ်ပြီး ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်သည်။ ယနေ့ကာကွယ်ဆေးထိုးနှံရာတွင် အခြားဝင်ငွေရှိ လုပ်ကိုင်သူများ၊ စာသောက်ကုန်  ရောင်းချသူများ၊ ရွှေ့ပြောင်းလုပ်သားများ၊ မှီခိုသူများ၊ ပို့ကုန်သွင်းကုန်/ သိုလှောင်ရုံများမှ (၆၈)ဦးကိုကာကွယ် ဆေးထိုးနှံပေးခဲ့သည်။

လွယ်ဂျယ်မြို့တွင်ဆေးထိုးရန်အကျုံးဝင်သူ အသက်(၁၈)နှစ်အထက် (၅၉၈၇)ဦး ရှိသည့် အနက်ယနေ့အထိ  ကိုဗစ်ကာကွယ်ဆေး Phase(8) Second Dose ထိုးနှံပြီးသူနှင့် ပထမအ ကြိမ်ထိုးနှံပြီးသူ(၄၃၀၆)ဦးရှိရာ ရာခိုင်နှန်းအနေဖြင့်  ၇၁ .၉၂ ရာခိုင်နှုန်းကို  ဆေးထိုးနှံပေးနိုင်ခဲ့ ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)