MNP - မေ ၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သောနွေရာသီအခြေခံ တိုက်ကွမ်ဒိုသင်တန်းဆင်းပွဲနှင့် 1st Myanmar open lnternational Taekwondo online Championship ပြိုင်ပွဲဆုရကစားသမားများအား ဂုဏ်ပြု ချီးမြင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် မိုးလုံလေလုံအားကစားရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ရွှေပြည်သာမြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦးမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး 1st Myanmar open lnternational Taekwondo online Championship ပြိုင်ပွဲတွင်ဆုရရှိသူများအား မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ဂုဏ်ပြုလွှာများပေးအပ်ချီးမြင်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ လက်တွေ့သရုပ်ပြသ ခဲ့ကြောင်းသိရသည်။
သင်တန်းကာလမှာ ဧပြီ ၁ ရက်နေ့မှ မေ ၁ ရက်နေ့ထိ(၁)လတာအခြေခံ တိုက်ကွမ်ဒိုသင်တန်းကို သင်ကြားပေးခဲ့ပြီးသင်တန်းသား၊ သင်တန်းသူ(၆၁ )ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
သတင်း - နေမျိုးထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment