မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းအောင် နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်များ လိုက်လံပေးအပ်ပြီး အာဆီယံ နိုင်ငံများ၏ ကိုယ်ကာယကြံ့ခိုင်မှု စီမံချက်(APFI)အရ စစ်တမ်း‌ကောက်ယူမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းအောင် နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်များ လိုက်လံပေးအပ်ပြီး အာဆီယံ နိုင်ငံများ၏ ကိုယ်ကာယကြံ့ခိုင်မှု စီမံချက်(APFI)အရ စစ်တမ်း‌ကောက်ယူမှုအား ကြည့်ရှုအားပေး



MNP - မေ   ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းအောင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး အဘိုးအဘွားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အဆိုပါ ဘိုးဘွားရိပ်သာမှ အဘိုး ၁ ဦးနှင့် အဘွား ၁၁ ဦး စုစုပေါင်း ၁၂ ဦးအတွက်  နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင် ငွေကျပ် ခုနှစ်သိန်းနှစ်သောင်း တိတိကို လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်မင်းသန်း ဦးဆောင်သော အဖွဲ့နှင့် မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းအောင် ဦးဆောင်သောအဖွဲ့တို့ ပူးပေါင်း၍  အာဆီယံနိုင်ငံများ၏ ကိုယ်ကာယ ကြံ့ခိုင်မှု စစ်တမ်းကောက်ယူခြင်း စီမံချက်(APFI) အရ အသက် ၇ နှစ်မှ ၇၄နှစ်အထိ ကျား(၂၄၀)၊ မ(၂၄၀) စုစုပေါင်း (၄၈၀)ဦးအား စစ်တမ်းကောက်ယူခြင်း ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိ ဝန်ထမ်းများက မုံရွာဘိုးဘွားရိပ်သာတွင် အဘိုး ၁၅ ဦးနှင့် အဘွား ၅၇ ဦးတို့အား စစ်တမ်း‌ကောက်ယူနေမှု အခြေအနေအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 အဆိုပါ ကိုယ်ကာယကြံ့ခိုင်မှု စစ်တမ်းကောက်ယူခြင်း စီမံချက်(APFI) အရ စစ်တမ်းကောက်ယူ ခြင်း ဆောင်ရွက်လျက်ရှိရာတွင် သက်ငယ်၊ သက်လတ်၊ သက်ကြီးတို့အား ကြံခိုင်မှုနှင့် ပတ်သက်ပြီး စက္ကန့်သုံးဆယ်မှာ ဒိုက်ထိုးနိုင်မှုအခြေအနေနှင့် အိပ်ထ ဗိုက်သားခံနိုင်မှု အခြေ အနေ၊ ကွင်း (၄)ပတ် ပြေးနိုင်မှုအခြေအနေတို့အားလည်းကောင်း ပျော့ပြောင်းမှုအနေဖြင့် စက္ကန့် သုံးဆယ်အတွင်း ခုံပေါ်မှာ ထိုင်ထပြုလုပ်နိုင်ခြင်း၊ ကျောကုံးနောက်တွင် လက်အကွာအဝေး ဘယ်လောက်အကွာအဝေးရှိခြင်းတို့အား စစ်ဆေးပေးခြင်းဖြစ်ကြာင်းနှင့် မုံရွာမြိူ့နယ်အတွင်း     အသက် ၇ နှစ်မှ ၁၄နှစ်အထိ လူဦးရေ(၁၆၀) ဦး၊ အသက် ၁၅ နှစ်မှ ၁၉ နှစ်အထိ လူဦးရေ ၁၀၀ ဦး၊ အသက် ၂၀ နှစ် မှ ၅၉ နှစ်အထိ လူဦးရေ ၁၆၀ ဦး၊  အသက် ၆၀ နှစ်မှ ၇၄ နှစ်အထိ လူဦးရေ ၆၀ ဦးတို့အား အသက်အပိုင်းအခြားအလိုက် စစ်တမ်းကောက်ယူလျက်ရှိပါကြောင်းနှင့် မုံရွာပြည်သူ့အားကစားကွင်းအတွင်းရှိ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီး ဌာနမှဝန်ထမ်းများနှင့် အားကစားသမားများ၊  အား/ကာ သိပ္ပံ(မုံရွာ)မှာရှိတဲ့ ဝန်ထမ်းများနှင့် အားကစားသမားများ၊ အ.ထ.က ၂ (အလုံ)မှာရှိတဲ့ ကျောင်းသားကျောင်းသူများ၊ ယာဉ်မောင်း ဝန်ထမ်းများအား အသီးသီး စစ်ဆေးပြီးကြောင်း မုံရွာခရိုင် အားကစားနှင့်ကာယ ပညာဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)