ပြည်သူများ လျှပ်စစ်အန္တရယ်ကင်းဝေးစေရန်နှင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားလိုင်း ပြုပြင်ထိမ်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူများ လျှပ်စစ်အန္တရယ်ကင်းဝေးစေရန်နှင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားလိုင်း ပြုပြင်ထိမ်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်



MNP - မေ   ၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပွင့်လင်းရာသီ ကာလ၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး အတွက် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့ပေါ်ရှိ ဓာတ်အား ဖြန့်ဖြူပေးထားသော 11/0.4ကေဗွီထရမ်စဖော်များ ဝန်အား တိုင်းတာခြင်း၊ load Valance ပြုပြင်ခြင်း၊ ထရမ်စဖော်မာအထွက် ၄၀၀ ဗို့ Kable များ Junper Connection များစစ်ဆေးပြုပြင်ခြင်း၊ လမ်းမီးများ အချိန်မှန်ဖွင်ပေးနိုင်ရန် Timer Switch ချိန်ညှိခြင်း၊ ၄၀၀ ဗို့နှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဓာတ်အားလိုင်း ပြုပြင်ထိမ်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်မှူး ဦးခင်မောင်စိုး၏ ကြီးကြပ်မှုဖြင့် လျှပ်စစ်လိုင်း တာဝန်ခံဝန်ထမ်းများက ပွင့်လင်း ရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော လျှပ်စစ်အန္တရာယ်နှင့် ဓာတ်အားပြတ်တောက်မှုများ လျော့နည်းကျဆင်းရေး၊ ပြည်သူများဓာတ်အား ပြည်ဝစွာ သုံးစွဲနိုင်ရေးအတွက် ယိုင်လဲနေသော ဓာတ်အားလိုင်းတိုင်များ တည့်မက်ခြင်း၊ ကြံ့ခိုင်မှုအားနည့်သောလမ်းမီးများ အသစ်လဲလှယ်တပ်ဆင်ခြင်း၊ ပြုတ်ကျနေသော ဓာတ်အားလိုင်းကြိုးများ ပြုပြင်ထိမ်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျ စုပေါင်းဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးအနေဖြင့် လျှပ်စစ်အန္တရယ် ကင်းရှင်းရေးလုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်မီးမရရှိသေးသည့်ကျေးရွာများရှိ ဒေသခံပြည်သူများ လျှပ်စစ်မီး သုံးစွဲခွင့်ရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်မှူးရုံးမှသိရသည်။

သတင်း - သင်းသင်းမြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)