မြို့သစ်မြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ၂၀၂၂ခုနှစ် မိုးရာသီကာလ ကျေးရွာများ၌ ဖြန့်ဝေစိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း နှစ်သောင်းကျော် ပျိုးထောင်ထားရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့သစ်မြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ၂၀၂၂ခုနှစ် မိုးရာသီကာလ ကျေးရွာများ၌ ဖြန့်ဝေစိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း နှစ်သောင်းကျော် ပျိုးထောင်ထားရှိ

 



MNP - မေ   ၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ၂၀၂၂ခုနှစ် မိုးရာသီကာလ ဌာနဆိုင်ရာများနှင့် ကျေးရွာများသို့ ဖြန့်ဝေစိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်း နှစ်သောင်းကျော် ပျိုးထောင်ထားရှိပြီး ဖြစ်ကြောင်း မြို့နယ် သစ်တော ဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ်အတွင်း ရေ၊ မြေ၊ တောတောင်၊ ဇီဝမျိုးစုံနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ ရာသီဥတုနှင့် ဂေဟစနစ် မျှတစေရန်အတွက် သစ်တောစိုက်ခင်း တည်ထောင်ခြင်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော စိုက်ခင်းများ တည်ထောင်ခြင်းတို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ၊ ယခုနှစ်တွင် မြို့သစ်မြို့နယ် သစ်တော ဦးစီးဌာန၊ ပျိုးဥယျာဉ်ခြံမှ လူထုဖြန့်ပျိုးပင်ပေါင်း နှစ်သောင်းကျော် ပျိုးထောင်ထားရှိပြီး ဖြစ်ကြောင်းနှင့် အဆိုပါပျိုးပင်များကို ဌာနဆိုင်ရာများနှင့် ကျေးရွာများသို့ ဖြန့်ဝေစိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့သစ်မြို့သစ်တော ဦးစီးဌာန ပျိုးဥယျာဉ်၌ "ပျိုးပင်များ ပျိုးထောင်ရာတွင် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် ယူကလစ်(၈၀၀၀)၊ ယင်းမာ (၅၀၀၀)၊ တမာ(၁၀၀၀)၊ ဇီးဖြူ(၃၅၀၀)၊ မယ်ဇလီ(၁၉၀၀)၊ လျှော်ဖြူ(၂၀၀၀)၊ ဗန်ဒါ(၅၀၀)၊ စိန်ပန်း(၅၀၀)၊ ရေတမာ(၅၀၀)ပင် ပျိုးထောင်ထားရှိပြီး ဖြစ်ကြောင်းနှင့် အဆိုပါ ပျိုးပင်များကို မိုးဦးရာသီ ကာလများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့သစ်မြို့နယ်အတွင်း၌ ဖြန့်ဝေစိုက်ပျိုး သွားမည်ဖြစ်ကြောင်း  သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သစ်တော ဦးစီးဌာနအနေဖြင့် စိုက်ပျိုးမည့် မြေနေရာရွေးချယ်ခြင်း၊ ပန္နက်ရိုက်ခြင်း၊ ကျင်းတူးခြင်း လုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ကျေးရွာများသို့ အချိန်နှင့်တပြေးညီ ဆက်သွယ်ဆောင်ရွက် လျက်ရှိပြီး၊ သစ်ပင်စိုက်ပျိုးရာတွင် လုံလောက်သော အစိုဓာတ်ရရှိချိန်၌ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများထံသို့ လက်ဝယ် အရောက်ဖြန့်ဝေခြင်း၊ စိုက်ပျိုးခြင်း လုပ်ငန်းများကို ဆက်သွယ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)