ကျောက်ဆည်မြို့နယ် မကျီးတောကျေးရွာတွင် ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် မကျီးတောကျေးရွာတွင် ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း



MNP - မေ   ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မကျီးတောကျေးရွာတွင် ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်အနေဖြင့် ပဲတီစိမ်းသီးနှံစိုက်ဧက (၉၈၈၁)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ပဲတီစိမ်းစိုက်ခင်းများကို တိုက်နယ်(၁)တွင် (၁၇၄)ဧက၊ တိုက်နယ်(၂)တွင် (၁၆၀၀)ဧက၊ တိုက်နယ် (၃)တွင် (၁၅၈၃)ဧက၊ တိုက်နယ်(၄)တွင် (၅၂၁)ဧက၊ တိုက်နယ်(၅)တွင် (၄၅၆)ဧက၊ တိုက်နယ်(၆)တွင် (၁၈၈၈)ဧက၊ တိုက်နယ်(၈)တွင် (၁၃၀၆)ဧက၊ တိုက်နယ်(၉)တွင် (၉၉၅)ဧက၊ တိုက်နယ်(၁၀)တွင် (၁၂၃၈)ဧက၊တိုက်နယ်(၁၂)တွင် (၁၂၀)ဧက၊ စုစုပေါင်း(၉၈၈၁)ဧက စိုက်ပျိုးခဲ့ကြောင်းနှင့် တိုက်နယ် (၇)နှင့် တိုက်နယ်(၁၁) တို့တွင် စိုက်ပျိုးခြင်းမရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ရေဆင်း(၁၁)၊ရေဆင်း(၁၄) ပဲတီစိမ်းမျိုးများ အဓိကစိုက်ပျိုးကြောင်း၊ ရာသီဥတုနှင့်အပင်အပြုအစုအပေါ်မူတည်ပြီး တစ်ဧက(၂၅)တင်းမှ(၃၅)တင်းအထိ ထွက်ရှိကြောင်းနှင့် ပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ နည်းပညာများ စနစ်တကျ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)