MNP - မေ ၂
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ပြည်သူ့ဆေးရုံဝန်းတွင် တည်ရှိသော ကျန်းမာရေးဝန်ကြီးဌာနက ချပေးသည့် Oxygen Plant Container စက်အား Z&A Co.,ltd မှ ယမန်နေ့ ညနေ (၃း၃၀)နာရီအချိန်က တာဝန်ယူစစ်ဆေးပြီး စမ်းသပ်လည်ပတ်ခဲ့ပါသည်။
ထိုသို့ စမ်းသပ်လည်ပတ်ရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော်နှင့်အဖွဲ့ဝင်များနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းရွှေနှင့် မြို့နယ် Oxygen Plant ကြီးကြပ်မှုကော်မတီတို့အား Z&A Co.,ltd မှ အင်ဂျင်နီယာ ဦးကျော်စွာဝင်းမှ စက်ရုံအတွင်းရှိ စက်အကြောင်းကို ရှင်းပြခဲ့သည်။
ထို့နောက် ဥက္ကဋ္ဌက စက်ရုံအတွင်း Oxygen ဓာတ်ငွေ့ဖြည့်သွင်းမှုအခြေအနေကို ကြည့်ရှုပြီး တာဝန်ခံ အင်ဂျင်နီယာက စက်ရုံနှင့်သက်ဆိုင်သော စာရွက်စာတမ်းများ ကိုလွှဲပြောင်းပေးအပ်ရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသစီမံဥက္ကဋ္ဌ တာသိန်းဇော်နှင့် တာဝန်ရှိသူအသီးသီးတို့က လက်ခံခဲ့ကြပါသည်။ ထို Oxygen Plant Container စက်လည်ပတ်ချိန်တွင် (၁)ရက်လျင် 40 L အိုး အလုံး (၁၀၀)ရရှိပြီး ဒေသတွင်း Oxygen လိုအပ်သူများအား ဖြည့်ဆီးနိုင်ကာ ကျန်းမာရေးအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment