မိုင်းပျဉ်းမြို့တွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းသို့ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းပျဉ်းမြို့တွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းသို့ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး




MNP - မေ   ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့နယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေခြင်းလုပ်ငန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်ထောင်စု(ထောက်ပံ့)ရန်ပုံငွေကျပ် (၁၀.၃၄၀)သန်းဖြင့် ရေချောင်းမှဆိုလာစနစ်ဖြင့် စိုက်ပျိုးရေ ပေးဝေခြင်းလုပ်ငန်း (Pilot Proiect)(၁)ခုအား မိုင်းပျဉ်းမြို့နယ်၊ မိုင်းပျဉ်း−မက်မန်းသွား ကားလမ်းမကြီး ၏ ဝဲဘက်မှ(၄)ဖာလုံအကွာ ဟောင်ကန်ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာနှင့် ဝမ်နောင်ကျေးရွာအကြား ကွင်းအမှတ်−(၇) ၊ ဝမ်မတ်ကွင်းအတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ကွက်ပေါ်တွင် ၂၀၂၂ခုနှစ် ဧပြီလမှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက လုပ်ငန်းအစီအမံများစစ်ဆေးခြင်း၊ ဒေသခံတောင်သူများအား ဆွေးနွေးရှင်းပြခြင်းနှင့် လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေ ပေးဝေခြင်းလုပ်ငန်း (Pilot Proiect) ပြီးစီးပါက   လယ်စိုက်ကွင်းများအတွင်းသို့ ရေဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး (၁)ဧကအတွက် (၁)ရက်လျှင် ရေထွက်နှုန်း(၅၈၀၀)ဂါလံခန့် ရေရရှိနိုင်မည်ဖြစ်ပြီး ရာသီသီးနှံများကို စိုက်ပျိုးရန်အတွက် ရေလုံလောက်မှုရှိမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

သတင်း - နန်းသန္တာဦး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)