ဟင်္သာတခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်အလှူရှင်များစုပေါင်း၍ မြန်အောင်ဘိုးဘွားရိပ်သာသို့ AirCooler (၅)လုံး လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်အလှူရှင်များစုပေါင်း၍ မြန်အောင်ဘိုးဘွားရိပ်သာသို့ AirCooler (၅)လုံး လှူဒါန်း




MNP - မေ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ ယမန်နေ့မွန်းတည့်(၁၂)နာရီက မြန်အောင် ဘိုးဘွားရိပ်သာသို့ Air Cooler စက် (၅)လုံး လှူဒါန်းပွဲကို မြန်အောင်ဘိုးဘွားရိပ်သာ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြန်အောင်ဘိုးဘွားရိပ်သာရှိ အဘိုးအဖွားများအတွက် Air Cooler (၅) လုံး ပေးအပ်လှူဒါန်းရာ မြန်အောင်ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးက လက်ခံရယူခဲ့သည်။

ဆက်လက်၍  မြန်အောင်ဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးက မြန်အောင်ဘိုးဘွားရိပ်သာ စတင်ဖြစ်ပေါ်လာပုံနှင့် ယခုလက်ရှိ   အဘိုး (၉) ဦး၊ အဖွား (၂၂) ဦးတို့အား စောင့်ရှောက်ထားရှိမှု အခြေအနေများကိုတင်ပြခဲ့သည်။

အခမ်းအနားတွင်ဟင်္သာတခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမြင့်သန်းဝင်းနှင့်မြန်အောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှမြန်အောင်ဘိုးဘွားရိပ်သာရှိ အဘိုးအဖွား (၃၁)ဦးအား တစ်ဦးလျင် (၅၀၀၀)ကျပ်၊ လှူဒါန်းခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော အဘိုးအဖွားများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်အောင်ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေး အမှုဆောင်အဖွဲ့ဝင်များအား ရွှေရင်အေးအာဟာရတိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

သတင်း - ဝင်းဗိုလ် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)