MNP - မေ ၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဧပြီ(၂၉)ရက်နေ့နံနက် ၈ နာရီခွဲက မိုင်းပန်မြို့၊ ကုန်းပင်းဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ နဝကမအလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊ ဗုဒ္ဓဂါယဘုရားများအား လှည့်လည်ဖူးမျှော်ခြင်း၊ မိုင်းပန်မြို့ နောင်လုံကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမြော်ကာ နဝကမအလှူငွေများ ပေးအပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
၎င်းနောက် မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံရာတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဖွင့်အမှာစကားပြောကြားပြီး မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဟန်ဇော်က ဒေသလိုအပ်ချက်များ တင်ပြရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့်များဖြည့် စွက်ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က လက်ခံရယူခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လင်းခေးမြို့ နမ့်တိန်း ချောင်းတစ်လျောက် မြို့၊ရွာသာယာလှပရေးအတွက် ဌာနဆိုင်ရာများ ဆရာမများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတို့၏ သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် စုပေါင်းသန့်ရှင်းရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်အနှင့်အဖွဲ့သည် လင်းခေးခရိုင် လင်းခေးမြို့နယ် နားကုန်းဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဝမ်ဟတ်တိုက်နယ် နားကုန်းဘုန်းတော်ကြီးကျောင်း၌ (၂၂)ကြိမ်မြောက် ဓမ္မစကူးလ်သင်တန်းသို့ တက်ရောက်နေကြသော ဒေသခံသင်တန်းသား၊ သင်တန်းသူများအား လှည့်လည်ကြည့်ရှု အားပေးစာကားပြောကြားကာ နားကုန်းဘုန်းတော်ကြီးကျောင်းဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် အလှူတော်ငွေကျပ်သိန်း(၅၀)လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံလွင်မြစ်ကူး (တာဆွတ်တိန်း)တံတားနှင့် တံတားချဉ်းကပ်လမ်း ဆောက်လုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေးရာ တံတားတည်ဆောက်ရေး အဖွဲ့ (၂) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးညီညီဇော်က တံတားနှင့်သက်ဆိုင်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး တံတားတည်ဆောက်မည့် လမ်းအူကြောင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment