သဲကုန်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲ ပြုလုပ်



MNP - မေ   ၃၀


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်းကျောင်း အတတ်ပညာများတတ်မြောက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် အထောက်အကူပြု စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အခြေခံပန်းရံသင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးယဉ်ထွေးက သင်တန်းဆင်း အမှာစကားပြောကြား၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လေးလေးလွင်က သင်တန်း၏ ရည်ရွယ်ချက်နှင့် သင်တန်းပြီးမြောက်ပြီဖြစ်၍ သင်တန်းမှရရှိသော အတတ်ပညာများဖြင့် မိမိတို့၏ အသက်မွေးဝမ်းကျောင်း ကိုအထောက်အကူပြုနိုင်သည့်အပြင်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ တွင်လည်း မိမိအတတ်ပညာများဖြင့် ပေါင်းစပ်ကူညီပေးနိုင်ရန် ပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများကက  သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းကို ပန်းရန်နည်းပြဆရာမှ ဇီးကုန်းကျေးရွာအုပ်စုရှိ သင်တန်းသား (၂၀) ဦးကို စာတွေ့လက်တွေ့ သင်တန်းကာလရက် (၂၀) ကြာသင်ကြားပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)