အင်္ဂပူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်္ဂပူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ



MNP - မေ   ၃၀


ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန် လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အင်္ဂပူမြို့နယ်၊ တောင်မြန်အောင် တိုးချဲ့ကြိုးဝိုင်း၊ အကွက်အမှတ်(၁၅)တွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။


သစ်ပင်စိုက်ပျိုးပွဲတွင် ပျိုးပင်များကို အမှတ်(၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကပေးအပ်ရာ ကျေးလက်ဒေသက ဖွံ့ဖြိုးရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်သစ်တောဦးစီး၊ မီးသတ်ဦးစီးနှင့် ကျောက်လုပ်ငန်းရှင်၊ ကျွဲဇင်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ပျိုးပင်များကို လက်ခံခဲ့ကြပါသည်။


ထို့နောက် အမှတ်(၅)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ စုစုပေါင်းအင်အား (၂၀၅)ဦးခန့်တို့က သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ အဆိုပါသစ်ပင် စိုက်ပျိုးပွဲတွင် ကျွန်း (၂၀၀)ပင်၊ ပျဉ်းကတိုး (၅၀)ပင်၊ မန်ဂျန်ရှား (၁၅၀)ပင်၊ မဟော်ဂနီ (၅၀)၊ ကသစ် (၁၅) စုစုပေါင်းအပင် (၄၆၅)ပင်တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - မန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)