၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 


MNP - မေ   ၃၀


ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်း အုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ရမ်းဗြဲမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာကျော်ခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ ရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီး (၁၈၄) ဦးတို့ တက်ရောက်ခဲ့သည်။


အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အမှာစကားပြောကြားရာတွင် ယခုအချိန်မှာနိုင်ငံတော်မှ ပညာရေးကဏ္ဍကို နှစ်(၃၀)စီမံကိန်း အကောင်အထည်ဖေါ်ဆောင်ပြီး ဘက်စုံလွှမ်းခြုံသောစနစ်ဖြင့် အကေင်အထည်ဖော် ဆောင်ရွက်နေသောကြောင့် ကျောင်းအုပ်ကြီးများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရန်လိုအပ်ကြောင်း၊ ကျောင်းတစ်ကျောင်း ဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် ကျောင်းအုပ်ကြီး၏ စွမ်းဆောင်ရည်သည် အဓိကကျကြောင်း၊ ကျောင်းတစ်ကျောင်းချင်း ဖွံ့ဖြိုးတိုးတက်လာမှသာ ရမ်းဗြဲမြို့နယ်၏ ပညာရေး တိုးတက်လာမှာဖြစ်ကြောင်းနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် ကျောင်းများဖွင့်လှစ်လာပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်ကြရန် ဆွေးနွေးမှာကြား သည်။ ၎င်းနောက် အခမ်းအနားကိုရုတ်သိမ်းပြီး စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို စတင်ကျင်းပကြရာ မြို့နယ်ပညာရေးမှူး ဒေါ်ဝိုင်းစိန်ကလည်း ပညာရေးတွင် ကျောင်းအုပ်ကြီးများ၏ကဏ္ဍသည် အလွန်အရေးကြီးသောကြောင့် စီမံ၊ ဘဏ္ဍာ၊ ပညာ ဆိုသည့် အချက်များကို ကဏ္ဍအလိုက် ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်ရန် လိုအပ်သောကြောင့် ယခုဆွေးနွေးပွဲကို စိတ်ပါဝင်စားစွာ တက်ရောက်ဆွေးနွေးပေးကြရန် မှာကြားသည်။ ၎င်းဆွေးနွေးပွဲကို မေလ ၂၉ ရက် နှင့် ၃၀ ရက် (၂) ရက်ကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်နိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)