ပြည်ဖျက်မီဒီယာများမှ ရေးသားဖော်ပြလျက်ရှိသော သတင်းလိမ် သတင်းမှားများ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ဖျက်မီဒီယာများမှ ရေးသားဖော်ပြလျက်ရှိသော သတင်းလိမ် သတင်းမှားများ











ပြည်ဖျက်မီဒီယာတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် လမ်းမှားကို ရောက်ခဲ့ကြသူတွေ သတိပြုဆင်ခြင်နိုင်စေဖို့ ကောက်နှုတ်ဖော်ပြပေးခြင်းဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ပြည်ဖျက်မီဒီယာအုပ်စုများထဲက Khit Thit Media မှ ဖော်ပြထားတဲ့ သတင်းလိမ် သတင်းမှားများကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။

အကြမ်းဖက်လှုပ်ရှားမှုကို အားပေးထောက်ခံခဲ့ကြတဲ့ သံဃာတော်များရဲ့ ဓာတ်ပုံပေါ်မှာ ကိုယ်ရေးချင်တာရေးပြီး ဖော်ပြတဲ့ သတင်းမီဒီယာတစ်ခုရဲ့ လုပ်ရပ်ကို နားလည်ကြစေချင်ပါတယ်။

သံဃာတော်တွေဟာ ပညာရေးကို ဘာသာရေး၊ လူမှုရေး၊ ပညာရေးအတွက် လွန်စွာ အလေးထားကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ သံဃာတော်တွေအနေနဲ့ NLD ပါတီကို ဝန်းရံတဲ့အနေနဲ့ အစောပိုင်းကာလမှာ လက်သုံးချောင်ထောင်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာမျိုး ရှိပေမယ့် စာသင်ကျောင်းများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ မျိုးဆက်သစ်လူငယ်များ၏ ပညာရေးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတဲ့ လုပ်ရပ်တွေမှာတော့ ပါဝင်လာကြတာကို မတွေ့ရပါဘူး။ 

ယခုနောက်ပိုင်းမှာ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေဟာ သံဃာတော်တွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုတွေ ပြုလုပ်လာတဲ့ နောက်ပိုင်းမှာ သံဃာတော်များ ပါဝင်လှုပ်ရှားမှု သိသိသာသာ နည်းပါးလာပါတယ်။

သို့ပေသော်လည်း ပြည်ဖျက်မီဒီယာက သံဃာတော်တွေရဲ့ ဓာတ်ပုံမှတ်တမ်းကို အသုံးချပြီး အများပြည်သူ အထင်မြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးဖော်ပြတာမျိုးကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Khit Thit မီဒီယာရဲ့ လှုံ့ဆော်ရေးသားဖော်ပြမှုတွေမှာတော့ အကြမ်းဖက်လှုပ်ရှားမှုဟာ အားကောင်းနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အကျအရှုံးများနေသယောင် ဖန်တီးရေးသား ဖော်ပြမှုမျိုးကို တွေ့ရပါလိမ့်မယ်။ ပြည်ဖျက်မီဒီယာတွေရဲ့ လှုံ့ဆော်မှုကြောင့် PDF အကြမ်းဖက်အဖွဲ့ကို ယုံကြည်ကိုးစားနေသူတွေ သိရှိနားလည်ဖို့က NLD အစွန်းရောက် PDF အကြမ်းဖက်သမားများဟာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်လာသည့်အတွက် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတာဝန်ယူ ဆောင်ရွက်နေရတဲ့ တပ်မတော်သားတွေအပိုင်းက အလေးထား နှိမ်နင်းမှုတွေ လုပ်ဆောင်လာပြီဆိုတာကို သိရှိနားကြစေဖို့ ဖြစ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)