မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ သဘာဝဘေးကျရောက်လွယ်မှုနှင့် စွမ်းဆောင်ရည်လေ့လာဆန်းစစ်ခြင်း တိုးမြှင့်သင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ သဘာဝဘေးကျရောက်လွယ်မှုနှင့် စွမ်းဆောင်ရည်လေ့လာဆန်းစစ်ခြင်း တိုးမြှင့်သင်တန်း ဖွင့်လှစ်

 



MNP - မေ   ၂၅


သဘာဝဘေးကျရောက်လွယ်မှုနှင့် စွမ်းဆောင်ရည်လေ့လာဆန်းစစ်ခြင်း တိုးမြှင့်သင်တန်းကို အမရပူရမြို့နယ် အိုးတော်ရပ်ကွက် မှိုက်စုရပ်ရှိ အေးစေတီဆုတောင်းပြည့်ဓမ္မာရုံတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။


အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စီမံကိန်းမန်နေဂျာဒေါ်ဇင်မာဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် သင်တန်းကို သုံးမျိုးသုံးစားပိုင်း၍ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်သောသင်တန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မြှင့်တင်ရေး သင်တန်းတို့ကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ လျော့ချရေးအထောက်အကူပြုပစ္စည်းပေးအပ်ခြင်း၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလေ့ကျင့်ခန်းများကို ရပ်ကွက်အလိုက် ကျောင်းအလိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျွန်မတို့လုပ်ငန်းစဉ်များကို အခြေခံလူထု၊ ကျောင်းနှင့်မြို့နယ်ကြက်ခြေနီတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရာသီ ဥတုပြောင်းလဲမှုနှင့်ဆက်စပ်သည့် ကဏ္ဍအနေဖြင့် ဘေးအန္တရာယ်များ ကာကွယ်လျော့ချရေးဆောင်ရွက်ခြင်းတို့ကို ပြောကြားခဲ့သည်။


အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို မေလ(၂၃)ရက်မှ မေလ(၂၆)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - တင်တင်လှ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)