ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

 



MNP - မေ   ၁၆


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့မွန်းလွဲ(၁)နာရီတွင် မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ စတင်ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။


၂၀၂၂ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများစတင်ထုတ်ချေးပေးခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်ရာတွင် လျင်မြန်ချောမွေ့စေရေးအတွက်  လက်ထောက်အထွေထွေ မန်နေဂျာ ဒေါ်အေးမင်းသင်း၊ မြို့နယ်မန်နေဂျာ ဒေါ်နန့်တင်ဆန်းနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ယနေ့ ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်သူများအား မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင် ထုတ်ချေးပေးရာတွင် သနပ်ပင်ဆိပ်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ တောင်သူ(၅၅)ဦးတို့၏ လယ်မြေဧက(၁၅၃)ဧကနှင့် ယာမြေဧက(၃၂)ဧက စုစုပေါင်း(၁၈၅)ဧကအတွက် လယ်တစ်ဧက လျှင်(၁၅၀၀၀၀)ကျပ်နှင့် ယာမြေများတွင်စိုက်ပျိုးသည့် ကုန်းသီးနှံများအတွက် တစ်ဧကလျှင် (၁၀၀၀၀၀)ကျပ်နှုန်းဖြင့် ချေးငွေစုစုပေါင်း ငွေကျပ်သိန်း(၂၆၁၅၀၀၀၀)ကို ထုတ်ချေးပေး ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍လည်း ကျေးရွာအုပ်စုများအလိုက် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းသိရသည်။


သတင်း - ခန့်ဝင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)